Pages

Tuesday, March 27, 2012

ဟာသ စာစုများ(၂)

မထင်ပါနဲ့
ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။


ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ
သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ......


 
စောင့်မယ်
“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “
“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “
“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “


ဖြစ်မှဖြစ်ရလေ
တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က
“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “
ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “
ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “
“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “

တူဘူးလေ
ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်
“ ခင်ဗျာက ရေထဲက ငါးရှဥ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “
ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော
“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “
“ ဟာကွာ … ဘောလုံးက ငါးရှဥ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “
အ၀င်မခံဘူး
“ သမီးရဲ့ယောက်ျားက သူ့ကြောင့်အရောင်းအ၀ယ်တည့်သွားလို့ ပွဲခပေးတာကို
ပုတ်ထုတ်လိုက်တယ်ဆို “
“ ဟုတ်တယ် .. အမေ … သူက ဂိုးသမားဆိုတော့ အကျင့်ပါနေလို့တဲ့ “
ကိုယ့်အကြောင်းနှင့်ကိုယ်
“(၁-၀) နဲ့ရှုံးလာလို့ အသင်းသားတွေက စိတ်ညစ်နေကြတယ် … အဓိကကတော့ ဂိုးသမားပေါ့ “
“ စိတ်ညစ်မနေပါနဲ့ဗျာ … ဟိုဘက်သင်းက တဒိုင်းဒိုင်းရှုးနေတာ ..
တစ်ဂိုးတည်းဝင်တာ တော်သေးတာပေါ့ “
“ မင်းတို့မသိပါဘူးကွာ .. တခြားအလုံးတွေက ဘားတန်းဝင်မှန်လို့သာကိုး ”

ခွင့်လွှတ်နိုင်အောင်
ဟိုဘက်ရွာ ဒီဘက်ရွာ ဘောလုံးကန်ကြတော့ ဒီဘက်ရွာအသင်းက (၅)
ဂိုးတောင်ရှုံးလာသတဲ့ … ဒီတော့ ရွာသားတွေက ဂိုးသမားကို
“ ခင်းဗျားဗျာ … (၅) ဂိုးတောင် အ၀င်ခံရတယ်လို့ “
“ ဟိုဘက်အသင်းက (၄၊၅) ယောက် ၀ိုင်းသွင်းတာကွ “
“ လေးငါးယောက်ရှုးလည်း ဘောလုံးက တစ်လုံးတည်းပါဗျာ “
“ ငါကလည်း အဲဒီတစ်လုံးတည်းမို့ မကျေနပ်တာပေါ့ကွာ .. (၄၊၅) လုံး
ဝိုင်းရှုးရင် ကျေနပ်သေးတယ် … မင်းတို့ငါ့ကို ခုလိုပြောမှာ မဟုတ်ဘူး “
ချင်း အုန်းသီး စား တဲ့ ဇာတ် လမ်း
တစ်ခါ က ချင်းတောင် က ချင်း အမျိုးသား တစ် ဦး ဟာ မြစ်ဝကျွန်းပေါ် ဒေ သ ကို ပထမဆုံးအနေ နဲ့ အလည် အပတ် ရောက်လာ သတဲ့ ။ ချင်းတောင် မှာ အုန်းပင် မရှိလို့ အုန်းသီး တစ်ခါမှ အစားဘူး တဲ့ ချင်း အမျိုး သား က အုန်းသီး ကို စား ကြည့်ပြီး မှတ် ချက် ချ လိုက် ပုံ က ( အောက်ပြည် အောက်ရွာ က အုန်းသီး ကောင်းတယ် လို့ စားကြည့်ပါ တယ် ။ အရသာ က လည်း ဖန် တွတ် တွတ်နဲ့ အစေ့ က လည်း အကြီး ကြီး၊) ဆို သတဲ့ .။
မြန်မာ့ jokes က ကူးယူ ဖော်ပြ ပါသည်။
ဂုဏ်ယူ သော မွန် မိ ခင်
မွန် အမျိုး သမီး ကြီး တစ်ဥိး က သူ့သမီး ဟာ မြန်မာ စကားရော၊ အင်္ဂလိပ် စကားရော ၊ မွန်စကားရော မွတ်နေအောင် တတ်တယ် ဆိုတာ ကို လူကြားသူ ကြား ထဲမှာ မွန်သံ ၀ဲ ၀ဲ နဲ့ ပြော ချ လိုက်ပုံက
“” ကျ မ သမီး က မြန်မာ လိုးလဲ ရတယ်၊ အင်္ဂလိပ် လိုး လဲ ရတယ်၊ မွန်လိုးတော့ ဖွတ် ဖွတ် ကျေ တဲ့”"
မြန်မာ့ jokes က ကူးယူ ဖော်ပြ ပါသည်။
မော်တော်ကား ပျက် တဲ့ တရုတ် ကြီး
မြန်မာ စကား လည် လည် ၀ယ်ဝယ် မတတ်တဲ့ တရုတ် အမျိုး သား ကြီး တစ် ဦး က သူ့ မော်တော် ကား ပျက်တာ ကို တွန်းနှိုးလို့ လည်း မနိုး ၊ ဆွဲနှိုးလို့ လဲ မနိုး ၊ အောက်ကိုကြည့်လိုကတော့လည်း
တစ်ချောင်းမှ မရှိဘူး ဆိုတာ ကို ပြော လိုက် ပုံ က “” ၀ ကား ကို တွန်းလိုးလယ် ၊ မလိုးဘူး၊ ဆွဲ လိုးလယ် မလိုး ဘူး၊ အောက်လန်ကြည့်လယ်၊ လီး တစ်ချောင်းမှ မရှိဘူး “” တဲ့ . .
မြန်မာ့ jokes က ကူးယူ ဖော်ပြ ပါသည်။
မြန်မာ စာများ
မြန်မာ စာများ အသံနေ အသံထားနဲ့ ဖတ် တတ် ဖို့ ရာ အလွန် အရေးကြီးတာ ကို …
“”မဲမဲ ပေါင်ထားတဲ့ ကိုဖောင် ရဲ့ လက်စွပ် ကို ၊ ရွေး လျှင် ရွေးပါ၊ မရွေး ရင် ဆုံးရပါလိမ့်မယ်”" လို့ စာဆိုလေး တစ်ကြောင်း ရေး ပေး လိုက် သတဲ့ ။ အဲဒီ စာ ကို ဘုန်းကြီးကျောင်းသား လေး က ဖတ် လိုက် ပုံ ကတော့ “” မဲမဲ ပေါင်၊ ကိုဖောင် လ စွပ်၊ ရွှေ့ လျင် ရွှေ့ ၊ မရွှေ့ လျင် ၊ စုပ်လိမ့်မည်။ လို့ ဖတ် လိုက် သတဲ့”"
အဲသလို ပဲ “” မအူပင် တရုတ် တန်း က ပုဂံတစ် ရာ ငှားလိုက်ပါ “” လို့ ရေးလိုက်တဲ့ စာ ကို ဖတ် ပြ လိုက် ပုံ က တော့ “” မ အု ဖင်၊ တရုပ် လှန်၊ မခံ တရား ၊ ငါ လဲ ပါ “” တဲ့ ..
တစ်ခါ ရွာ သူ ကြီး က “” ရွှေး ပင် ကို ထင် တိုင်း မလုပ် ရ၊ ဆင့် ဆို လိုက် သည်။ “” လို့ အရပ် ထဲမှာ မောင်းထု ကြည်ငြာ ရန် ပြော လိုက် တာ ကို မောင်း ဆရာ က ၊ မောင်း ထု ကြေ ငြာ လိုက် ပုံ က
“” ခွေး ဖင် ကို ထင် တိုင်း မလုပ် ရ ၊ ဆင်ဆိုး လိုက် သည်”" လို့ ကြေ ငြာ လိုက် သတဲ့ ။..
မြန်မာ့ jokes က ကူးယူ ဖော်ပြ ပါသည်။



ပေါ်မဲ့ ပေါ်တော့
အငြိမ့်ထဲမှာ မင်းသမီး က “အလို ဘုရားရေ ဟိုရှေ့က သစ်ပင်ပေါ်မှာ မဲမဲ မဲမဲ လှုပ် လှုပ် လှုပ်လှုပ် နဲ့ လက်စသပ်တော့ အသင်ရုပ် ခစိုးကြီး ပါလား” အဲဒီ အခါမှာ ရုပ်ခစိုး လုပ် တဲ့ လူ ပြက်က “ အေး ငါ နဲ နဲပေါ်သွားတယ်”
ဖောက်သည် ကိုး
တစ်ခါ က ပြည့်တန်ဆာ မ တစ်ဦး ဟာ ပြည့်တန်ဆာ မှုနဲ့ တရားရုံး ကို ရောက်လာ ပါရော တဲ့ ။ တရား ခွင်မှာ တရား သူ ကြီး က ……… “‘ ဟေး တရားခံ မ ၊ နင့်နာ မည် ဘယ် လို ခေါ် သလဲ ” မေး လိုက်တဲ့ အခါ မှာ …………. ပြည်တန်ဆာ မ က … ဖြေ လိုက် ပုံ က ……… “” ဟွင်း …… သိ သား နဲ့ …

No comments: