Pages

Showing posts with label အသိတရား. Show all posts
Showing posts with label အသိတရား. Show all posts

Thursday, July 19, 2012

ယောက်ျား Vs မိန်းမ (၃)

Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁ မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။

အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။ အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန် အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား ဝတ်ရမည်ပဲဖြစ်သည်။

ယောက်ျား Vs မိန်းမ (၂)

နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ယောက်ျားနှင့်မိန်းမ

အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

Thursday, March 29, 2012

လူသည် မျိုးစေ့ ဗီဇ အနေဖြင့်သာ မွေးဖွားလာခဲ့ သူ ဖြစ်သည်။ အပွင့်အခက် မရှိသေး ၊ မျိုးစေ့မျှသာ ရှိသေး သည်။ ကြီးထွား မလာသေး။ ငုံဖူး လျက်သာ ရှိသေးသည်။ ယင်း မျိုးစေ့၊ ယင်း အငုံအဖူး ဘဝ ကို မပျိုးထောင်လျှင် အပင် ကိုယ်ထည် သာ ကြီး၍ အပွင့် အသီး သီးပွင့် မည် မဟုတ်ပေ ။ ရှင်သန်