Pages

Thursday, March 29, 2012

ကမ္ဘာတစ်လွှား ဆန်းဆန်းပြားပြား(၂)

El Diablo” restaurant သည် စပိန်နိုင်ငံ Lanzarote ကျွှန်းတွင်တည်ရှိသည့်အမြဲတမ်းတုန်ခါပြီး ပေါက်ကွဲချင်နေသည့်မီးတောင်ကြှီးတစ်ခု၏ ထိပ်ဝတွင် တည်ဆောက်ထားခြင်းဖြစ်ပါသည် ။အမြဲတမ်း မီးတောင် အောက်မှ အပူငွေ့ များတတ်နေသည့်အတွက် restaurant အတွင်းစားသောက်သူများကို အအေးပေးစနစ် အခန်းများကိုအထူးပြုလုပ်ပေးထားသော်လည်း ပူပြင်းလှပါသည် ။ ထို့ ကြောင့် restaurant ဘေးပတ်လည် ၀န်းကျင်တွင် ရေများအမြဲပတ်ဖျန်းကာ
ထားရပါသည် ။ထို restaurant တွင် အထူးအနေဖြင့် အသားများကို ကင်ကာ စားနိုင်စေရန်အတွက် မီးဖိုပေးထားခြင်းမျိုး လျှပ်စစ် မီးပူများ အစရှိသဖြင့် မပြုလုပ်ပေးထားပဲ မီးတောင်အောက်မှ ထွက်သော အငွေ့ များတိုက်ရိုက်ထွက်စေရန် အပေါက်လုပ်ပေးထားကာထိုအပေါက်တွင် အသားများကို ကင်ကာစားသောက်နိုင်ပါသည် ။ ထို့ကြောင့်ထို restaurant သို့လာရောက်လည်ပတ် ကြသူများသည်ထိုအရာကိုအထူးနှစ်သက်ကြကာလာရောက်သူတိုင်းအသားကင်စားကြကာပျော်ရွှင်နေကြရပါသည် ။Restaurant မှချတ်ပြုတ်ကြော်လှော်ခြင်း ကိုလည်းထို မီးတောင်မှအန်ထွက်သည့်အပူအငွေ့ များကိုအသုံးပြုခြင်းဖြင့် သာချတ်ပြုတ်ကြောင်းသိရပါသည် ။


ပင့်ကူမျှင်များဖြင့် ရက်လုပ်ထားသည့် ရွှေရောင်ဝတ်စုံကို ဇန်နဝါရီလ ၂၃ရက်တွင် လန်ဒန်ရှိ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ်ပြတိုက်မှာ ကမ္ဘာ့အကြီးဆုံး ပိုးဝတ်စုံကြီးအဖြစ် ပြသသွားသည်။ ရွှေရောင်အဆင်းနှင့် ဝါဝါဝင်းနေသော လေးမီတာ(၁၃ပေ)ခန့်ရှည်သော ယင်းဝတ်စုံကို ရက်လုပ်ရန် ရွှေပင့်ကူ တစ်သန်းကျော်မှပိုးချည်မျှင်များကို လူ၈ဝခန့်က ငါးနှစ်ကျော်မျှ စုဆောင်းခဲ့ရသည်။ ယင်းဝတ်စုံကို အမေရိကန်လူမျိုး ဆိုင်မွန်ပီးယားနှင့် အင်္ဂလိပ်လူမျိုး နစ်ကိုလတ်စ်ဂေါ့ဒ်လီတို့က တိမ်မြုပ်နေသော ၁၉ရာစုနှစ်က အနုပညာလက်ရာများကို အားကျအတုယူ၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ပင့်ကူမျှင်ဖြင့် ရက်လုပ်သော လက်ရာမျိုးကိုယခင်က ကမ္ဘာကျော် ပဲရစ်ကုန်စည်ပြပွဲအတွက် ရက်လုပ်ပေးခဲ့ကြ ဖူးသော်လည်း ၁၉ဝဝ ပြည့်နှစ်နှောင်းပိုင်းမှာ ယင်းသို့ရက်လုပ်ခြင်း မရှိတော့ဟု သိရသည်။



Argentina မှာရှိတဲ့ controversial zoo ကို လာရောက်လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံးသားစားတိရိစ္ဆာန် တချို့နဲ့ အလွန်နီးကပ်စွာ ကြည့်ရှုထိတွေ့လို့ရတယ်။ ထိုတိရိစ္ဆာန်ရုံ က Argentina က Buenos Aires မှာရှိပီး Lujan zoo လို့ခေါ်ပါတယ် ။ ထို တိရိစ္ဆာန်ရုံထဲကို အလည်အပတ်သွားတဲ့သူတိုင်း လမ်းမလျှောက်ချင်လျှင် ခြင်္သေ့စီးကာ သွားလို့ ရပါသည် ။
ဝက်ဝံတွေကို ပွေ့ ဖက်ကျီစယ် ကစားလို့ ရပါသည် ။သစ်ကျူတ် (ကျားသစ်အမျိုးအစားဝင်)တွေကို အစာကျွေးလို့ ရတယ်အပြင်ကနေ ဒေါ်လာ 50 ပေးရင်တော့ လှောင်အိမ်ထဲအထိ ၀င်လည်လို့ ရပါသည် ။ ထိုတိရိစ္ဆာန်များမှ မိမိ၏ ကျီစယ်မှုတစ်ခုကြောင့် ဒေါသထွက်ကာ အစားခံရလျှင် တိရိစ္ဆာန်ရုံ၏ တာဝန်မဟုတ်ကြောင်းကို လည်းလှောင်အိမ်ထဲမ၀င်ခင် လက်မှတ်ထိုးထားရပါသေးသည် ။Lujan zoo Buenos ရဲ့အကျယ်အ၀န်း ကတော့ Aires ၅၀ မိုင်လောက်ဝေးတယ်ပီး ၀င်ကြေးကတော့ E ဒေါ်လာ5 ဒေါ်လာ ပေးရပါသည် ။
လာလည်တဲ့လူတွေက တိရစ္ဆာန်တွေကို ငြင်သာစွာ ကိုင်တွယ်ကြပါတယ် တိရိစ္ဆာန်တွေက မိမိတို့ ကိုညင်သာစွာ ကိုင်တွယ်ကစားနေလျှင် မည်သို့ မျှ အန္တရာယ် မပြုကြပါ မိမိတို့ ကိုကြမ်းတမ်းစွာ ပြုမူလာလျှင်လဲ တွန်းထုတ် တတ်ကြပါသည်။ ထိုတိရိစ္ဆာန်ရုံက လူတွေကိုရော တိရိစ္ဆာန်တွေကိုရော ကာကွယ်ပေးမယ့် လုံခြုံတဲ့ စည်းကမ်းဥပဒေတွေ များများမရှိဘူး။ အင်တာနက်ဘလော့တွေမှာလဲ လူတွေနဲ့ တိရစာန်ရဲ့ပုံတွေနဲ့ ပြည့်နေပါတယ်။
ကမ္ဘာ့တိရစ္ဆာန်ရိုင်းထိန်းသိမ်းရေးအဖွဲ့မှ ထို တိရိစ္ဆာန်ရုံကိုရှူတ်ချပီး လူတွေကိုမသွားဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် နေ့စဉ်စိတ်ဝင်စားမှုများလာကာ လည်ပတ်သူများနှင့် ပြည့်နေခဲ့ပါတယ် ။ထို တိရိစ္ဆာရန်ရုံတွင် ရောက်တာနဲ့ မိဘတွေက ကလေးတွေကိုတောင်ခြင်သေ့လှောင်အိမ်ထဲပေးဝင်တယ်။ တခြားအသက် ကိုတောင်ရန်ရှာနိုင်တဲ့တိရိစ္ဆာန်တွေကိုပွတ်သပ်ကိုင်တွယ်ခွင့်ပေးထားတယ်။
ကမ္ဘာ့တိရိစ္ဆာန်ရိုင်းထိန်းသိမ်းရေးအဖွဲ့ ကပြောတာကတော့ လူတွေကို လူတွေအတွက် အန္တရာယ်များတဲ့အသက်ကိုဒုက္ခပေးနိုင်တဲ့ တိရိစ္ဆာန်တွေနဲ့ ထိတွေမှုရှိခြင်းကိုပြင်းပြင်းထန်ထန် ကန့် ကွက်နေပြီးလူတွေရဲ့အသက်ကို ကြီးမားတဲ့အန္တရာယ် ထဲကျရောက်စေတယ် လို့ ပြောပါတယ်။

No comments: