(၁)
“ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်း ထိန်းဖို့ခက်ပြီ… ငြိမ်အောင်
တင်းထားလို့မရ၊ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ်…ဒါ
အချစ်လို့ခေါ်မလား…ကိုယ်မသိလိုက်မီ…”
(၂)
ဒီ အမေရိကန် တော်တော် တုံးတာပဲ။ ကျနော် ကြိတ်တွေးရင်း စိတ်ထဲကနေ ရယ်လိုက်တယ်။ ဒီ အမေရိကန် တော်တော် တုံးတာပဲ။
(၃)
“မင်းတို့
မြန်မာတွေ melody တခုကိုတောင် ကိုယ့်ဘာသာကိုယ် မဖန်တီးချင်ဘဲ သူများတွေဆီက
အလွယ်တကူ ခိုးချနေကြတယ်” ဆိုတဲ့ အဓိပ္ပါယ်တွေကို အဲဒီ့ အမေရိကန်ရဲ့
မျက်လုံးတွေမှာ ထင်ထင်ရှားရှားတွေ့လိုက်ရလို့ ကျနော် ရယ်ချင်သွားတယ်။
ဒီလူဟာ အစဉ်အလာ သမားပဲ။ ဖောက်ထွက်ပြီး မတွေးတတ်တဲ့ လူပဲ။ A လို့ တိုင်
ပေးရင် Bလို့ ပုံသေ လိုက်ဆိုမယ့် ငနဲ။ ဒါပေမဲ့ ကကြီးလို့ တိုင်ပေးရင်တော့
ခကွေး လို့ လိုက်ဆိုမယ် မထင်ဘူး။ သူမှ မြန်မာစာ မတတ်တာကိုး။
(၄)
ကျနော်သာ
အားမနာတတ်လို့ ကတော့ သူ့ကို တခွန်းတည်း ပြောလိုက်မယ်။ “Reinventing the
wheel” ဆိုတာ မကြားဖူးဘူးလားလို့။ အချိန်ကုန်ခံပြီး ဘီးကို ဘာလို့ အစကနေ
ပြန်တီထွင်နေမလဲ။
ထမင်းစားဖို့ စပါးကို ကိုယ်တိုင် စိုက်နေစရာ
မလိုပါဘူး။ ဆန်ကောင်းကောင်း သန့်သန့်လေးတွေ ဝယ်ပြီး ချက်လိုက်ရင် နူးညံ့တဲ့
ထမင်းတပွဲတော့ ဖြစ်လာနိုင်တာပဲ။
ဆောရီးပါ မစ္စတာ အမေရိကန်။
ကျနော်တို့ ဘာမဟုတ်တဲ့ emotion လေးတွေ ကို ဖော်ကျူးဖို့ အချိန် အများကြီး
မပေးနိုင်ဘူး။ ခင်ဗျားတို့ဆီက လူတွေ လုပ်ပြီးသား ဟာလေးတွေကို အသာလေး အညွန့်
ခူးစားလိုက်ရုံပဲ။ မြန်မာဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့။ မြန်မာတွေ
ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ မြန်မာဆိုတာ ခင်ဗျားတို့ အဖြူတွေ၊ Black
အမေရိကန်တွေ ရဲ့ ဦးနှောက်ကိုတင် မကဘူး၊ Chinese တွေ Indian တွေ၊
ကိုရီးယားတွေ၊ ထိုင်းတွေရဲ့ ဦးနှောက်ကိုပါ အလွယ်တကူ ဖောက်စားနေတာ။
အထောက်အထားနဲ့
ပြောတတ်တဲ့သူဆို မြန်မာတွေဆိုတာ ဦးနှောက်ဖောက်စားခြင်း အတတ်ကို
မြဝတီမင်းကြီး ဦးစ လက်ထက်ကတည်းက တတ်မြောက်နေတဲ့ အကြောင်း
ဂုဏ်ယူဝံ့ကြွားစွာတောင် ရှင်းပြလိမ့်ဦးမယ်။
(၅)
ရှိပြီးသား Melody တွေမှာ စာသားလေးတွေ