Pages

Thursday, March 29, 2012

ကမ္ဘာတစ်လွှား ဆန်းဆန်းပြားပြား(၁)

ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီး
ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
http://swesonemedia.org/
  မျောက်အငယ်စား
Pygmy Marmoset ဆိုတဲ့ မျောက်မျိုးတွေဟာ ဘရာဇီးလ် အနောက်ပိုင်း၊ ကိုလံဘီယာ အရှေ့တောင်ပိုင်း၊ အီကွေဒေါ အရှေ့ပိုင်းနဲ့ ပီရူး အရှေ့ပိုင်းက သစ်တောတွေထဲမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ဟာ မျောက်အငယ်စား မျိုးထဲက တစ်မျိုးဖြစ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ဟာ (အမြီးမပါ) အလျားအားဖြင့် ၁၄ စင်တီမီတာ ကနေ ၁၆ စင်တီမီတာ ကြားမှာပဲ ရှိပါတယ်။ သူတို့ရဲ့ လက်သည်း၊ ခြေသည်းတွေဟာ သစ်ပင်တွေတက်ဖို့အတွက် အထူးပြုလုပ်ထားသလား အောက်မေ့ရပါတယ်။ Pygmy Marmoset တွေဟာ အစုံစား သတ္တဝါတွေဖြစ်ပြီး သစ်သီး၊ သစ်ရွက်၊ အင်းဆက် တွေကို စားကြပါတယ်။ သူတို့ရဲ့ လျင်မြန်တဲ့ ရွေ့လျားမှုနဲ့ အရွယ်အစား သေးငယ်ခြင်းကြောင့် တောရိုင်းတိရစ္ဆာန်တွေထဲမှာ သူတို့ကို စောင့်ကြည့် လေ့လာဖို့ ခက်ခဲစေပါတယ်။



Yeti ဆိုတာက နှင်းလူ၊ Crab ဆိုတာ ပုဇွန်လုံး ဒီတော့ Yeti Crab ဆိုတာ နှင်းလူနဲ့တူတဲ့ ပုဇွန်လုံး ဒါမှမဟုတ် ဂဏန်းလို့ အဓိပ္ပါယ် ရမှာပေါ့။ သူတို့ကို ကြည့်ရတာလည်း ဖြူဖြူ အမွေးတွေနဲ့မို့ ဒီနာမည် ပေးထားတာ ဖြစ်ပါလိမ့်မယ်။ Teti Crab တွေကို ၂၀၀၅ ခုနှစ်က တောင်ပစိဖိတ် သမုဒ္ဒရာထဲမှာ တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
တွှေ့ရှိခဲ့တဲ့ တောနက်တွေ ဟာ အလွန်အမင်းနက်ရှိင်း ပြီး အဲဒီနေရာကို ကား သို့မဟုတ် မည်သည့် ပစ္စည်းမှ သယ်ယူမသွား နိုင်လောက်အောင် ဝေးလံခေါင်သီပါတယ် ။ ဒီတွင်းနက်ထဲ မှ မြေကြီးအချို့ကို ယူဆောင်ဖို့မဆိုထားနှင့် မည်မျှနက်ရှိုင်းသည် ဆိုသည်ကိုပင် မည်သူမျှ မခန့်မှန်းနိုင်ပေ ။ လူအချို့ဟာ အဲဒီတွင်းနက်ထဲကို ဆင်းဖို့ကြိုးစားကြပြီး အတွင်းပိုင်းမှာ အဆုံးအဆမဲ့ပြီး အောက်ဆီဂျင်ပြတ်လပ်သောကြောင့် မအောင်မြင်ခဲ့ပါဘူး ။ ဒီတွင်းနက်တွေ မည်သည့်အတွက်ကြောင့်ပေါ်လာသည်မည်သို့အသုံးပြုရမည်ကို မည်သူမျှ မသိသေးပေ ။
                                                                                                                                                                                   ဘယ်လိုအကြောင်းနဲ့မှ ရေနဲ့ထိခွင့်မရအောင် တားဆီး ထား တယ် ။ ဥပမာ ရေချိုးခြင်း ရေကူးခြင်း စသဖြင့်ပေါ့ ။ သူမဟာ ဘယ်လောက်ထိ လဲဆိုရင်သူမ ကိုယ်က ထွက်တဲ့ချွေး နဲ့ ပြန်ပြီး အလာ့ဂျစ်ဖြစ်နေတဲ့အတွက် အချိန်တိုင်း အနီကွက်တွေပေါ်နေလေ့ရှိတယ် ။ လူတွေ ရဲ့ခန္ဓာ ကိုယ် ဟာ ရေ ၈၀% နဲ့လုပ်ထားတာမှန်ပေမယ့်လည်းဒီကောင်မလေးက ဘာကြောင့် အလာ့ ဂျစ်ဖြစ် ရ တယ်ဆို တာတော့မသိပါဘူး ။ သူမ ဘယ်လိုရေချိုးသလဲဆိုတာလည်းမသိရပါဘူး ။
ရေခဲ လူသားလို့လည်းခေါ်ကြတယ် ။ သူက အေးစက်တဲ့ ရာသီဥတုမှာတောင် အေးစက်ခြင်းကို မခံစား ရပဲ ရေခဲတွေပေါ် ရပ်တည်နေနိုင်တဲ့ သူဖြစ်တယ် ။ နာမည်က Qim Hof aka ဖြစ်ပြီး ဒတ့်ခ်ျ လူမျိုး တစ်ယောက် ဖြစ်တယ် ။ သူဟာ ရေခဲပြင်တွေအောက်မှာ ရေကူးနိုင်တယ် ဘာအ၀တ် မှမ၀တ် ပဲ ရေ ခဲတောင်တွေပေါ်မှာ တက်နိုင်ပြီး အခုထိလည်း စံချိန်တင်ထားဆဲဖြစ်တယ် ။ သူ့ရဲ့အခြေအနေကိုဖြေရှင်းဖို့ တိကျ တဲ့ explanation မရှိခဲ့ပါဘူး ။ ဒါပေမယ့် အံ့သြစရာကောင်းလွန်းလှပါတယ် ။
အလွန်ကို ရှားပါးပြီး အရမ်းကို ကြောက်မက်ဖွယ်ကောင်းတဲ့ ရောဂါတစ်ခုကို ခံစားနေရသူကတော့ Leon Botha ပဲဖြစ် ပါတယ် ။ သူဟာ လွန်စွာ ထူးဆန်းတဲ့ ရောဂါဆန်းတစ်ခု ဖြစ်တဲ့ Progeria ဆိုတဲ့ ရောဂါကို ခံစား နေရပါတယ် ။ Progeria ဆိုတာကတော့ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အသက်ကြီးတဲ့ လက္ခဏာကို ခံစာရတဲ့ ရောဂါ ဖြစ်ပါတယ် ။သူ့အသက်က 20ကျောက်ပဲရှိပါသေးတယ်တဲ့
နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီညိုရောင်ခွေးလေး တစ်ကောင်ဟာ မွေးရာပါ အရှေ့ခြေထောက်နှစ်ခြောင်း မပါရှိခဲ့ပါဘူး။ ထိုခွေးလေးရဲ့ မွေးခြင်းဟာ ထို့ကဲ့သိုပင်အရှေလက်ပါရှိခြင်းမရှိခဲ့ပါဘူး။ ထိုခွေးလေးတစ်ကောင်ကို အသက် ၁၇ နှစ်အရွယ် Reuben Stringfellow အိမ်ကို သယ်ဆောင်လာခဲ့ပါတယ်။ ပရော်ဖက်ဆာ များဖြစ်ကြတဲ့ Reuben နဲ့ သူအမေ Jude ဟာ ထိုခွေးလေးကို သူတို့ရဲ့အိမ်ကို သယ်ယူလာကြပြီး Faith ဆိုတဲ့ နာမည်ပေးခဲ့ပါတယ်။ တဖြေးဖြေးနဲ့ ဒုက္ခိတ ခွေးလေးဟာ သူမှာ ရှိတဲ့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်စမ်းခဲ့ပါတယ်။ ၇ နှစ်သားအရွယ်ရောက်တဲ့အချိန်မှာတော့ လူတွေရှုပ်ထွေးတဲ့ စတိုးဆိုင်တွေနဲ့ ကားတွေရှုပ်ထွေးတဲ့ လမ်းတွေကို ကောင်းမွန်ကျွမ်းကျင်စွာဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါတယ်။ မတ်လ ၂ဝဝ၃

ခုနှစ်မှာတော့ အမေရိကန်နိုင်ငံက ရုပ်သံ တစ်ခုမှာ ဧည်သည်ဖြစ်ခဲ့ပါတယ်။ ထိုခွေးလေးဟာ ဒါဏ်ရာရထားတဲ့ စစ်သားတွေအတွက် အတုယူစရာ ရုပ်ပြ တစ်ခုဖြစ်ခဲ့ရပါတယ်။ နောက်ဆုံး အင်တာနက်ပေါ်မှာအထိ လူတွေကို စိတ်ဓါတ်ခွန်အားကို ရစေတဲ့ ခွေးလေးတစ်ကောင် ဖြစ်လာပါတယ်။ ထိုခွေးလေးကို ချစ်ကြတဲ့ လူတွေဟာ တစ်ရက်ကို အီးမေလ်း ၂ဝဝ လောက်ထိပို့ပြီး ခွေးလေးရဲ့လိုအပ်မှု့တွေကို သူတို့လဲပါဝင်ပြီး ထောက်ပံ့ခြင်ပါတယ်လို့ ဆိုကြပါတယ်။ ကိုယ်ခန္ဓာမရှိရင်နေပါစေ စိတ်ဓါတ်ရှိနေရင်ဖြစ်နိုင်တယ်ဆိုတာကို Faith က သက်သေပြနေပါတယ်။
ဆိုက်ဘေးရီးယား ဒေသရဲ့ ခဲနေတဲ့ စွန့်ပစ် အရည်တွေထဲ ကနေ ဂြိုဟ်သား တစ်ဦးရဲ့ အလောင်းကို လမ်းလျှောက် ထွက်လာသူ နှစ်ဦးက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံ အာကက်စကီမြို့ အနီး ရေခဲပြင်မှာ တစ်ဝက် နစ်နေတဲ့ ရုပ်အလောင်းကို တွေ့ရှိ ခဲ့ရပြီး အဲဒီ အလောင်းဟာ ပါးစပ်ဟပြဲ၊ ရှည်သွယ်သွယ် နဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတယ် လို့ ဆိုပါတယ်။အဲဒီ နေရာဟာ ပန်းကန်ပြားပျံတွေ ဆင်းသက်ခဲ့တယ် လို့ နာမည်ကြီးခဲ့တဲ့ နေရာ ဖြစ်ပြီး ဂြိုဟ်သားရဲ့ အလောင်းကို တွေ့ရှိတယ် ဆိုတဲ့ သတင်းက အင်တာနက်ကနေ ကမ္ဘာတစ်လွှားကို တောမီးလို ပျံ့နှံ့သွားခဲ့တယ် လို့ ဆိုပါတယ်။
အဲဒီအလောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီး နေပြီး ရုပ်ရှင်ထဲက အီးတီနဲ့ တူပြီး အရပ်က နှစ်ပေပဲ ရှိတယ် လို့ ဆိုပါတယ်။ အလောင်းမှာ ညာဘက် ခြေထောက် ပျောက်ဆုံး နေပြီး မျက်လုံး နေရာမှာ နက်ရှိုင်းတဲ့ အပေါက် နှစ်ပေါက်နဲ့ လူရဲ့ဦးခေါင်းခွံလို အရိုးကြီးမှာ ပါးစပ်နေရာ မှာလည်း အပေါက်ကြီး တစ်ပေါက် ရှိတယ် လို့ ဆိုပါတယ်။ ပန်းကန်ပြားပျံ ၀ါသနာရှင်တွေ က ကမ္ဘာမြေကို အလည် လာတဲ့ ဂြိုဟ်သားတွေ ဟာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့ နောက် အဲဒီ ဂြိုဟ်သားဟာ ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့တာလို့ ယူဆ ကြပါတယ်။
http://www.paohtitus.co.cc/2011/08/blog-post_8189.html

No comments: