Pages

Thursday, July 19, 2012

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး

ရိုးသားဖြောင့်မတ်သူမူရာ
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း

ဆရာတင်မိုး

No comments: