Thursday, July 19, 2012
ဗမာသူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
တေးရေး-သဟာယ ဆရာတင်
(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်) ၂
ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကိုရှိဖို့ မွေးရမယ်။
သြော်…ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။
ကျောင်းဟာသများ
၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉ အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉ တစ်လီ ၉ ။ ၉ နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)
ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..
၂ ) facebook ID
ရှက်မိပါတယ် အဖေဗိုလ်အောင်ဆန်း
အပိုင်း(၁) ၊ အနှိုင်း
တကယ်တော့ သူက ထူးခြားသူမဟုတ်ပါဘူး
ခင်ဗျားတို. ကျွန်တော်တို.လိုပဲ မထင်မရှားမွေးဖွားလာတာပါ
ရွှေဇွန်းကိုက်လည်းမွေးမလာဘူး
ရွှေလင်ဗန်းနဲ.အချင်းဆေးတဲ့
မွေးချိန်မှာ ကြယ်တွေကြွေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။
ခင်ဗျားတို. ကျွန်တော်တို.လိုလူတစ်ယောက် က
ခင်ဗျားတို. ကျွန်တော်တို.လိုတော့ မနေခဲ့ဘူး။
ခင်ဗျားတို. ကျွန်တော်တို.လို မတရားမှုကို ငုံ.ခံမနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို ကိုယ့်ကိုထိခိုက်မှာ စိုးရိမ်မနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို တို.လုပ်လည်းမထူးပါဘူးကွာမေ ပြာခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို အကြောက်တရားတွေနဲ. ကုပ်မနေခဲ့ဘူး။
အယူချည်းပဲ ရှိတဲ့သူတွေကြားမှာ
အပေးချည်းပဲ ရှိတဲ့လူတစ်ယောက်က ထူးဆန်းနေခဲ့တယ်။
ကိုယ့်အမျိုးအတွက်ပဲ လုပ်တဲ့သူတွေကြားမှာ
ပြည်သူတွေအတွက် လုပ်တဲ့သူက ထင်ရှားနေခဲ့တယ်။
အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ
အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
( ဗိုလ်ဥတ္တမကျော် )
******************************
" ဗိုလ်ချုပ်ဦးအောင်ဆန်း "
" ဗိုလ်ချုပ်ဦးအောင်ဆန်း "
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့လင်း
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး
ရိုးသားဖြောင့်မတ်သူမူရာ
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း
ဆရာတင်မိုး
မွေးနေ့ရက်လေးများက ပြောသော အမူအကျင့်များ
ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏ အမှတ်တရများ
ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက်မေ့မိ၏။ တမ်းတ၏။
ယနေ့လို မြန်မာနိုင်ငံ အာဏာရှင် အကျင့်ပျက် စစ်အစိုးရခေတ်တွင် ..ပို၍ပင်
ဗိုလ်ချုပ်တို့ကို တမ်းတမိ၏။ အောက်မေ့မိ၏။
ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏
သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား" ဗိုလ်ချုပ်၏ အမှတ်တရ" များ
ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ်တင်ပြလိုက်ပါတယ်။
ယောက်ျား Vs မိန်းမ (၃)
Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁
မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို
အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။
အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။
အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန်
အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား
ဝတ်ရမည်ပဲဖြစ်သည်။
ယောက်ျား Vs မိန်းမ (၂)
နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။
ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ယောက်ျားနှင့်မိန်းမ
အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

ကဗျာချစ်သူ
ကဗျာချစ်သူ
ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။
ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။
ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။
ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။
လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။
မေ့မရနိုင် ......(၁၉) ဇူလိုင်
ဒိုင်း ..ကနဲ၊ ကြားလိုက်ရသော သေနတ်သံနှင့်အတူ ..အိပ်ယာထက်မှ ဆတ်ကနဲ ထထိုင်မိလိုက်သည်။
တကယ်ဖြစ်ခဲ့သည့် အိပ်မက်တစ်ခုက မလိုချင်ပါဘဲနှင့်၊ သူ့ထံကို မညှာမတာ ရောက်လာတတ်၏။ ဝေ့၀ဲလာသောမျက်ရည်နှင့် နားသယ်စဆီမှချွေးစစို့စို့က၊ ရင်ထဲက ထွက်လာသော ပူလောင်မှုအတွက် သက်သေတစ်ခုပမာ ..။
အံကိုခပ်ဖွဖွ ဖိကြိတ်မိ၏။ ချစ်ခြင်းမေတ္တာ၊ နားလည်နွေးထွေးမှုတို့ဖြင့်၊ ဖွဲ့တည်ထားသည့် မိသားစု၊
Wednesday, July 18, 2012
အလိုအပ်ဆုံး............။
အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။
တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ....
"ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး
ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။
ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊
မိသားစု နာမည်များကို ရေးချလိုက်သည်။
ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့
နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"
သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။
ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး
သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊
လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား
သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ
တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက
တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ
အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို
ကြက်ခြေခတ် ဖျက်ချလိုက်သည်။
"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။
ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း
နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို
ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ
ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....
"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက

မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ
ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား
ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက်
ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။
ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို
ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင်
ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ
တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။
ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ
ပြန်ဖြေလေသည်။
ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"
လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.... .
"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့
ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို
မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို
ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့
သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့
အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့
လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ..... .?
============
တကယ်တော့ပုံပြင်လေးကိုကြိုက်လို့ ပါ...
လေးစားသော
ရွှေအိမ်စည်
ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက်
ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။
ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို
ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင်
ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ
တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။
ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ
ပြန်ဖြေလေသည်။
ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?
"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်"
လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်....
"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင်
နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့
ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား.. ကျွန်မကို
မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို
ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့
သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။ ကျွန်မလိုဖြေဖို့
အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်ပါဘူး။
အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့
လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ.....
============
တကယ်တော့ပုံပြင်လေးကိုကြိုက
လေးစားသော
ရွှေအိမ်စည်
—
ထံမှကူးယူဖော်ပြပါသည်Monday, July 16, 2012
ဘယ်လိုလူသားလဲ
တစ်ခါတုန်းကပေါ့
။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ
သူမအတွက် ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။
ဘယ်လို ဖြေရှင်း ရမှန်းလည်းမ သိခဲ့သလို အခုအချိန်မှာ အရာရာကို
အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။
အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့
ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ
တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုကသူမကို
အသင့်စောင့်ပြီးကြိုနေတတ်တယ်။
Subscribe to:
Posts (Atom)