ဘဏ်မှာငွေစုသလို နောင်ရေးအတွက် အင်တာနက်မှာ Bitcoin စုပါ ( အပိုင်း ၁ ) PDF
ကဲ .. Bit Coin အကြောင်း အပိုင်း ၁
တင်ပေးလိုက်ပါပြီနော်..ဘာကြီးလဲဆိုတာကိုတော့
ခေါင်းစဉ်မှာမြင်တဲ့အတိုင်းပါဘဲ .. ဇွဲရှိဖို့ .. စိတ်ရှည်ဖို့ ..
သီးခံဖို့ပဲလိုတာပါ .. ကဲ..
စာအုပ်လေးဒေါင်းလိုက်ပါ..လိုအပ်တာတွေ့ရင်လည်း အမှားပြင်ဆင်နိုင်အောင်
ထောက်ပြပေးပါ .. အရှင်းလင်းဆုံးဖြစ်အောင်ရေးပြထားပါတယ်.. ဖုန်း ၊ ကွန်ပျူတာ
အားလုံးလုပ်လို့ရပါတယ်..သေသေချာချာဖတ်ပါ..တန်ဖိုးရှိတဲ့အချိန်တွေကို
အသုံးချပါလို့ ကျနော်တိုက်တွန်းပါရစေ။ Down နိုင်ပါပြီနော်။
Download =>http://www63.zippyshare.com/v/36552245/file.html
( စာအုပ်အားဒေါင်းလျှင် ကွန်ပျူတာဖြင့်သာဒေါင်းပါ ..ပီးမှဖုန်းထဲ
ထည့်ဖတ်ချင်ဖတ်ပါ .. PDF ဖြင့်ချုပ်ပေးထားပါတယ် ဖုန်းနှင့်ဒေါင်းလို့
မရလျှင်မသိပါ )
Monday, June 30, 2014
ွှွှအွန် လိုင်းမှာငွေရှာနည်း(Paidverts)
PAIDVERTS
အားအကျိုးရှိစွာအသုံးပြုပြီး Online ၀င်ငွေရှာဖွေခြင်း
ကဲ … အင်တာနက် ၀င်ငွေရှာဆိုဒ်တစ်ခုနဲ့မိတ်ဆက်ပေးမယ်ဗျား..ပီးတော့
သည်ငွေတွေကို ဘယ်လိုထုတ်ရမလဲ ဆိုတာရေးပြသွားပါ့မယ်။ လူတော်တော်များများက အင်တာနက်မှာ
ကြော်ငြာ Click ရင်းဝင်ငွေရှာတဲ့အလုပ်ဆိုရင် လန့်နေကြမယ်ထင်ပါတယ်.. ဘားမှအကျိုးမရှိဘဲ
ဖုန်းဘေလ်တွေ ကုန်သွားလို့လေ J
တစ်ကယ်တော့ သည်လိုအလုပ် တွေဆိုတာ သေချာလုပ်တတ်တဲ့သူတွေအတွက် တစ်ကယ့်ကို Home Base
Job တစ်ခုပါဘဲ .. ဘာအလုပ်မှမလုပ်ပဲ သည်လို အင်တာနက်ကနေ ငွေရှာပြီး ထိုင်စားနေတဲ့သူတွေ
ဒုနဲ့ဒေးရှိတယ် .. သူတို့က တစ်ကယ်ကို အထာပေါက်ပြီး
လုပ်တတ်ကိုင်တတ် စဉ်းစားတွေးခေါ်မြင့်တဲ့သူတွေပါဘဲ..သူတို့က
သူတို့သိတဲ့ငွေရှာနည်းတွေကို စာအုပ်လဲမထုတ်ဘူး၊ သူများကိုလည်းမဝေမျှပေးဘူး..သူတို့ပြောတာရှင်းတယ်
" မစဉ်းစားမတွေးခေါ် ဘဲ အလွယ်တစ်ကူလက်လျော့တတ်တဲ့သူ တွေအတွက် အချိန်မပေးနိုင်လို့ပါ
" တဲ့..စကားက ရိုက်ပေါက်ကြီးပါ .. တစ်ကယ်တော့လည်းဟုတ်ပါတယ် ကျွန်တော် အင်တာနက်မှာငွေရှာနည်းအကြောင်းအရာတွေ
အများကြီးရေးခဲ့တယ် မသိရင်မေးမြန်းဖို့ adflycreator@gmail.com
ဆို တဲ့ Email ပေးခဲ့ပါတယ်။ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်..အဲလိုဖြေကြားရင်းနဲ့
ဘာကိုသုံးသပ်မိသွားသလဲ
ဆိုရင် တော်တော်များများက ကိုယ့်ညှစ်အားကိုယ်မသုံးချင်တာကိုတွေ့လာရတယ်ဗျာ
.. တစ်ကယ်တော့ ငွေရှာနည်းကို ရေးပြခဲ့တယ်ဆိုတာ သေသေချာချာ ပုံတွေစာတွေနဲ့ရှင်းပြခဲ့တာပါ..အဲသည်လိုရှင်းပြနိုင်ဖို့ကိုလည်း
Google Search , Youtube တို့မှ သေချာလေ့လာခဲ့ရပါတယ်.. သူတို့ရှင်းပြထားတယ်ဆိုတာ ပုံလေး
နှစ်ပုံလောက်နဲ့ ကျန်တာက စာတွေ ချည်းပါဘဲ .. အဲဒါတွေကို သေချာလေ့လာပြီး ပုံတွေ စာတွေဝေေ၀ဆာဆာနဲ့
ကိုယ့်လူမျိုးတွေကို ချပြခဲ့တယ်..ချပြခဲ့ပေ မယ့်လည်းရလဒ်တွေ မကောင်းခဲ့ပါဘူး .. ကိုယ့်အားကိုမကိုးချင်တဲ့သူတွေ
များနေခဲ့လို့ပါဘဲ..အောင်မြင်သွားတဲ့သူ ..လုပ် တတ်သွားတဲ့သူတွေကို တွေ့ရင်လည်းပျော်ရပါတယ်..တစ်ချို့ဆိုရင်
ကိုယ့်ထက်တောင် လုပ်တတ်သွားသေး၊ ရှာတတ်သွား သေးတယ်..အဲလိုမျိုးတွေဆိုရင် တစ်ကယ် အတိုင်းမသိဝမ်းသာရတာပါ..
ကဲ ကောင်းပြီ အင်တာနက်မှာ ၀င်ငွေရှာတဲ့ဆိုဒ်ပေါင်းများစွာရှိတယ်..အတုတွေလည်းရှိတယ်
တစ်ချို့က အတုတွေမှန်းမသိကြဘူး ငွေပေးတယ်ဆိုရင် လုပ်ကြတော့တာဘဲ ဒီလိုလုပ်ကြတဲ့အတွက်
အချိန်ကုန်ငွေကုန်တွေ ဖြစ်ကုန်တော့တာပါဘဲ .. ငွေမှတစ်ကယ်မရတာလေ
ဒါကြောင့် ကိုယ်လုပ်ချင်တဲ့ဆိုဒ်တစ်ခုဟာ အတုလားအစစ်လားသိချင်ရင်
ဥပမာ 2Dollarclick.com ဆိုတဲ့ ဆိုဒ်ဟာ
အတုလား အစစ်လားသိချင်ရင် 2dollarclick is scam ? ဆိုပြီးအင်တာနက်မှာရိုက်ရှာလိုက်ပါ..ဒါဆိုရင်
အဲသည်ဆိုဒ်ကို ဝေဖန်ထားတဲ့ Complain တွေများစွာကိုတွေ့ရပါလိမ့်မယ်..သူတို့ဘာတွေပြောနေသလဲ
Link တွေကိုလိုက်ကြည့်ပါ သူတို့တွေ ဝေဖန်ချက်တွေ ကိုကြည့်ပြီး သည်ဆိုဒ်ဟာ အတုလား အစစ်လား
ဆိုတာခွဲခြားတတ်သွားပါလိမ့်မယ်.. ကဲအခု Padidverts
ဆိုတဲ့ဆိုဒ်အကြောင်းကို ကျနော်ရေးမှာပါ ဒီတော့မိတ်ဆွေတို့အနေဖြင့်လည်း Paidverts is scam ?
ဆိုပြီး Google မှာရိုက်ထည့်လိုက်ပါ.. Forum , Blog တွေမှာ User တွေက ဘာတွေပြောနေကြသလဲ..ဘာတွေကွန်ပလိန်းတက်နေကြသလဲ
လိုက်ဖတ်ကြည့်ပါ..ဒါဆိုရင် Paidverts ဟာ အလုပ်လုပ်သင့်တဲ့ဆိုဒ်ဟုတလား မဟုတ်လား သဘောပေါက်သွားပါလိမ့်မယ်
ကျွန်တော်တို့လည်း အဲလိုပါဘဲ ဆိုဒ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်
သူ့အကြောင်းကိုဝေဖန်ထားတဲ့ ဖိုရမ်တွေ ကိုလိုက်
ကြည့်ပါတယ် .. လူအများဝေဖန်ထားတဲ့ ကွန်မန့်တွေကိုကြည့်ပီးလုပ်သင့်သလား
မလုပ်သင့်သလား ဆုံးဖြတ်ပါတယ် လုပ်သင့်တယ်ဆိုမှ လုပ်ပါတယ် .. သည်လိုလေးရှာဖွေပြီး နည်းနည်းတီးခေါက်ကြည့်မှ
ငွေရှာဆိုဒ်တွေဟာ လုပ်သင့်မလုပ် သင့်ဆုံးဖြတ်တတ်မှာဖြစ်ပါတယ်..အိုကေ ကောင်းပြီ နောက်ထပ်
အကြီးမားဆုံးပြသနာတစ်ခုရှိသေးတယ်.. ဘာလဲဆို တော့ " ငွေရှာတာက
ဟုတ်ပါပြီ ဘယ်လိုထုတ်ရမှန်းမသိပါဘူး .. ဒါကြောင့်စိတ်ပျက်လို့မလုပ်တော့ဘူး "
ဆိုတာတွေ ပါ ဘဲ .. ငွေရှာနည်းအကြောင်းကို ရေးသားတိုင်းမှာ PayPal Account နဲ့ငွေထုတ်ရပါတယ်လို့
ကျွန်တော် ခဏခဏရေးပါ တယ် .. မသိရင်မေးဖို့ Email လိပ်စာလိပ်စာပါချန်ပေးပါတယ်..ယုတ်စွအဆုံး
လိုအပ်ရင်အရေးပေါ်အကူအညီတောင်း ဖို့ ဖုန်းနံပတ်ပါ ဖော်ပြပေးထားပါတယ် .. ဒီလောက်ကူညီချင်လို့ပေးထားတာတောင်
" ငွေမရှာတတ်ဘူး ၊ ငွေမထုတ်တတ်ဘူး ၊ အလကားပါ ငွေလဲတစ်ကယ်မရဘူး ဖုန်းဘေကုန်တာဘဲအဖတ်တင်တယ်
" အဲလို အဲလိုသူမျိုးတွေ အတွက်တော့ ကျွန်တော်လဲ ဆက်မပြောတတ်တော့ပါဘူး .. သူထိုက်နဲ့သူခံလို့ဘဲ
သတ်မှတ်ရတော့မှာပါဘဲ။ တစ်ကယ် တော့နော် အင်တာနက်ဝင်ငွေရှာလုပ်ငန်းဆိုတာ အပျင်းပြေလုပ်လို့လဲရသလို
၊ တစ်ကယ့် အလုပ်တစ်ခုဖြစ်လဲ အချိန်ပေး လုပ်လို့ရတယ် .. တစ်ကယ်လုပ်တတ်ရင် တစ်နေ့ကို
15$ အသာလေးရနေတာပါ.. မနည်းဘူးနော် ..တစ်ကယ်ကို
မနည်း ပါဘူး ဒါပေမယ့်ဗျာ စစ်မရောက်ခင်မြှားကုန်တတ်တဲ့သူမျိုးတွေ ၊ အကူအညီပေးပါ့မယ်ဆိုတာတောင်
မတောင်းဘဲ ဘေးထိုင်ဘုပြောသူတွေ အဲလိုသူမျိုးတွေကြောင့်တစ်ခါတစ်လေတော့ စိတ်တော်တော်လေးကုန်မိပါတယ်..ကိုယ်ကဖြစ်စေ
ချင်တယ်..လိုက်လာနိုင်တဲ့သူက အယောက်တစ်ရာမှာ 20 လောက်ပဲရှိပါတယ်.. မစဉ်းစားကြဘူး..မတွေးခေါ်ကြဘူးဗျာ..
ကဲပါ .. ညဉ်းချင်းတွေချရင် စကားများတယ်ဆိုပြီး အမြင်ကတ်ပါဦးမယ်..ကိုယ့်လူမျိုးတွေကို
ဖြစ်စေချင် ..ရစေချင်. .တစ်ဖက်တစ်လမ်းကနေ ဈေးဖိုးသက်သာစေချင်တဲ့ စိတ်ကိုအခြေခံလို့
သည်လိုပြောပြနေတာပါ… အခုလဲ အသစ်အဆန်း တွေ့ရင် ဝေမျှချင်တဲ့စိတ်က မနေတတ်လေတော့ ထပ်မံဝေမျှပေးလိုက်ပါဦးမယ်…
ကျွန်တော် ငွေရှာနည်းမရေးခင်မှာ တစ်ခုတော့ သတိပေးလိုက်ပါ့မယ် ဘာလဲဆိုတော့ ငွေရှာတဲ့ဆိုဒ်တွေကို
80%
သာယုံပါ..ဘယ်လောက်ကောင်းတယ်ပြော ပြော 80% ပဲ ယုံကြည်ကြပါ..ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်ကနေလုပ်ရတဲ့အလုပ်မလို့ပါ..
ဒါကြောင့်သည်လို အလုပ်
တွေက မိမိရဲ့ဖုန်းဖိုး၊ နဲ့ဈေးဖိုးကတော့ ကောင်းကောင်းကာမိပါလိမ့်မယ်..တစ်ကယ်ငွေရှာတတ်သူအဖို့ကတော့
တစ်နေ့ တစ်သောင်းခွဲ ဆိုတာပြေးမလွတ်ပါဘူး.. အိုကေ..ဒီနေရာမယ်
တစ်ခုဖြတ်ပြီးကြော်ငြာပါဦးမယ် .. အသက်အရွယ်မရွေး ၊
ပညာအရည်အချင်းမလို အပ်ဘဲ..အချိန်တိုအတွင်းအောင်မြင်စေနိုင်မည့် Business စီးပွားရေးလုပ်ငန်းတစ်ခုရှိပါတယ်၊
မည်သည့်အရင်းအနှီးမှထည့်စရာမလိုဘဲ ဇွဲရှိသူတိုင်းအောင်မြင်နိုင်တဲ့ လုပ်ငန်းတစ်ခုပါ
အသက် 18 ၊ 19 နှစ်လေးတွေက အစ ရာထူးပေါင်းစုံနဲ့အောင်မြင်ပြီး ၀င်ငွေများရရှိနေတဲ့နေရာပါ။ ဒီမှာ ၀င်ကြည့်ပြီး Like လုပ်ခါ လေ့လာနိုင်ကြပါတယ်။
Thursday, July 19, 2012
ဗမာသူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
တေးရေး-သဟာယ ဆရာတင်
(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်) ၂
ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကိုရှိဖို့ မွေးရမယ်။
သြော်…ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။
ကျောင်းဟာသများ
၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉ အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉ တစ်လီ ၉ ။ ၉ နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)
ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..
၂ ) facebook ID
ရှက်မိပါတယ် အဖေဗိုလ်အောင်ဆန်း
အပိုင်း(၁) ၊ အနှိုင်း
တကယ်တော့ သူက ထူးခြားသူမဟုတ်ပါဘူး
ခင်ဗျားတို. ကျွန်တော်တို.လိုပဲ မထင်မရှားမွေးဖွားလာတာပါ
ရွှေဇွန်းကိုက်လည်းမွေးမလာဘူး
ရွှေလင်ဗန်းနဲ.အချင်းဆေးတဲ့
မွေးချိန်မှာ ကြယ်တွေကြွေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။
ခင်ဗျားတို. ကျွန်တော်တို.လိုလူတစ်ယောက် က
ခင်ဗျားတို. ကျွန်တော်တို.လိုတော့ မနေခဲ့ဘူး။
ခင်ဗျားတို. ကျွန်တော်တို.လို မတရားမှုကို ငုံ.ခံမနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို ကိုယ့်ကိုထိခိုက်မှာ စိုးရိမ်မနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို တို.လုပ်လည်းမထူးပါဘူးကွာမေ ပြာခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို အကြောက်တရားတွေနဲ. ကုပ်မနေခဲ့ဘူး။
အယူချည်းပဲ ရှိတဲ့သူတွေကြားမှာ
အပေးချည်းပဲ ရှိတဲ့လူတစ်ယောက်က ထူးဆန်းနေခဲ့တယ်။
ကိုယ့်အမျိုးအတွက်ပဲ လုပ်တဲ့သူတွေကြားမှာ
ပြည်သူတွေအတွက် လုပ်တဲ့သူက ထင်ရှားနေခဲ့တယ်။
အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ
အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ
အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။
( ဗိုလ်ဥတ္တမကျော် )
******************************
" ဗိုလ်ချုပ်ဦးအောင်ဆန်း "
" ဗိုလ်ချုပ်ဦးအောင်ဆန်း "
အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့လင်း
စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး
ရိုးသားဖြောင့်မတ်သူမူရာ
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း
ဆရာတင်မိုး
မွေးနေ့ရက်လေးများက ပြောသော အမူအကျင့်များ
ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏ အမှတ်တရများ

ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက်မေ့မိ၏။ တမ်းတ၏။
ယနေ့လို မြန်မာနိုင်ငံ အာဏာရှင် အကျင့်ပျက် စစ်အစိုးရခေတ်တွင် ..ပို၍ပင်
ဗိုလ်ချုပ်တို့ကို တမ်းတမိ၏။ အောက်မေ့မိ၏။
ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏
သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား" ဗိုလ်ချုပ်၏ အမှတ်တရ" များ
ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ်တင်ပြလိုက်ပါတယ်။
ယောက်ျား Vs မိန်းမ (၃)
Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁
မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို
အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။
အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။
အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန်
အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား
ဝတ်ရမည်ပဲဖြစ်သည်။
Subscribe to:
Posts (Atom)


