Pages

Monday, June 30, 2014

ွှွှအွန် လိုင်းမှာငွေရှာနည်း(Paidverts)


PAIDVERTS အားအကျိုးရှိစွာအသုံးပြုပြီး Online ၀င်ငွေရှာဖွေခြင်း


ကဲ … အင်တာနက် ၀င်ငွေရှာဆိုဒ်တစ်ခုနဲ့မိတ်ဆက်ပေးမယ်ဗျား..ပီးတော့ သည်ငွေတွေကို ဘယ်လိုထုတ်ရမလဲ ဆိုတာရေးပြသွားပါ့မယ်။ လူတော်တော်များများက အင်တာနက်မှာ ကြော်ငြာ Click ရင်းဝင်ငွေရှာတဲ့အလုပ်ဆိုရင် လန့်နေကြမယ်ထင်ပါတယ်.. ဘားမှအကျိုးမရှိဘဲ ဖုန်းဘေလ်တွေ ကုန်သွားလို့လေ J တစ်ကယ်တော့ သည်လိုအလုပ် တွေဆိုတာ သေချာလုပ်တတ်တဲ့သူတွေအတွက် တစ်ကယ့်ကို Home Base Job တစ်ခုပါဘဲ .. ဘာအလုပ်မှမလုပ်ပဲ သည်လို အင်တာနက်ကနေ ငွေရှာပြီး ထိုင်စားနေတဲ့သူတွေ ဒုနဲ့ဒေးရှိတယ် .. သူတို့က တစ်ကယ်ကို အထာပေါက်ပြီး
လုပ်တတ်ကိုင်တတ် စဉ်းစားတွေးခေါ်မြင့်တဲ့သူတွေပါဘဲ..သူတို့က သူတို့သိတဲ့ငွေရှာနည်းတွေကို စာအုပ်လဲမထုတ်ဘူး၊ သူများကိုလည်းမဝေမျှပေးဘူး..သူတို့ပြောတာရှင်းတယ် " မစဉ်းစားမတွေးခေါ် ဘဲ အလွယ်တစ်ကူလက်လျော့တတ်တဲ့သူ တွေအတွက် အချိန်မပေးနိုင်လို့ပါ " တဲ့..စကားက ရိုက်ပေါက်ကြီးပါ .. တစ်ကယ်တော့လည်းဟုတ်ပါတယ် ကျွန်တော် အင်တာနက်မှာငွေရှာနည်းအကြောင်းအရာတွေ အများကြီးရေးခဲ့တယ် မသိရင်မေးမြန်းဖို့ adflycreator@gmail.com ဆို တဲ့ Email ပေးခဲ့ပါတယ်။ မေးမြန်းချက်တွေကိုလည်း ဖြေကြားခဲ့ပါတယ်..အဲလိုဖြေကြားရင်းနဲ့ ဘာကိုသုံးသပ်မိသွားသလဲ
ဆိုရင် တော်တော်များများက ကိုယ့်ညှစ်အားကိုယ်မသုံးချင်တာကိုတွေ့လာရတယ်ဗျာ .. တစ်ကယ်တော့ ငွေရှာနည်းကို ရေးပြခဲ့တယ်ဆိုတာ သေသေချာချာ ပုံတွေစာတွေနဲ့ရှင်းပြခဲ့တာပါ..အဲသည်လိုရှင်းပြနိုင်ဖို့ကိုလည်း Google Search , Youtube တို့မှ သေချာလေ့လာခဲ့ရပါတယ်.. သူတို့ရှင်းပြထားတယ်ဆိုတာ ပုံလေး နှစ်ပုံလောက်နဲ့ ကျန်တာက စာတွေ ချည်းပါဘဲ .. အဲဒါတွေကို သေချာလေ့လာပြီး ပုံတွေ စာတွေဝေေ၀ဆာဆာနဲ့ ကိုယ့်လူမျိုးတွေကို ချပြခဲ့တယ်..ချပြခဲ့ပေ မယ့်လည်းရလဒ်တွေ မကောင်းခဲ့ပါဘူး .. ကိုယ့်အားကိုမကိုးချင်တဲ့သူတွေ များနေခဲ့လို့ပါဘဲ..အောင်မြင်သွားတဲ့သူ ..လုပ် တတ်သွားတဲ့သူတွေကို တွေ့ရင်လည်းပျော်ရပါတယ်..တစ်ချို့ဆိုရင် ကိုယ့်ထက်တောင် လုပ်တတ်သွားသေး၊ ရှာတတ်သွား သေးတယ်..အဲလိုမျိုးတွေဆိုရင် တစ်ကယ် အတိုင်းမသိဝမ်းသာရတာပါ.. ကဲ ကောင်းပြီ အင်တာနက်မှာ ၀င်ငွေရှာတဲ့ဆိုဒ်ပေါင်းများစွာရှိတယ်..အတုတွေလည်းရှိတယ် တစ်ချို့က အတုတွေမှန်းမသိကြဘူး ငွေပေးတယ်ဆိုရင် လုပ်ကြတော့တာဘဲ ဒီလိုလုပ်ကြတဲ့အတွက် အချိန်ကုန်ငွေကုန်တွေ ဖြစ်ကုန်တော့တာပါဘဲ .. ငွေမှတစ်ကယ်မရတာလေ
ဒါကြောင့် ကိုယ်လုပ်ချင်တဲ့ဆိုဒ်တစ်ခုဟာ အတုလားအစစ်လားသိချင်ရင် ဥပမာ 2Dollarclick.com ဆိုတဲ့ ဆိုဒ်ဟာ အတုလား အစစ်လားသိချင်ရင် 2dollarclick is scam ? ဆိုပြီးအင်တာနက်မှာရိုက်ရှာလိုက်ပါ..ဒါဆိုရင် အဲသည်ဆိုဒ်ကို ဝေဖန်ထားတဲ့ Complain တွေများစွာကိုတွေ့ရပါလိမ့်မယ်..သူတို့ဘာတွေပြောနေသလဲ Link တွေကိုလိုက်ကြည့်ပါ သူတို့တွေ ဝေဖန်ချက်တွေ ကိုကြည့်ပြီး သည်ဆိုဒ်ဟာ အတုလား အစစ်လား ဆိုတာခွဲခြားတတ်သွားပါလိမ့်မယ်.. ကဲအခု Padidverts ဆိုတဲ့ဆိုဒ်အကြောင်းကို ကျနော်ရေးမှာပါ ဒီတော့မိတ်ဆွေတို့အနေဖြင့်လည်း Paidverts is scam ? ဆိုပြီး Google မှာရိုက်ထည့်လိုက်ပါ.. Forum , Blog တွေမှာ User တွေက ဘာတွေပြောနေကြသလဲ..ဘာတွေကွန်ပလိန်းတက်နေကြသလဲ လိုက်ဖတ်ကြည့်ပါ..ဒါဆိုရင် Paidverts ဟာ အလုပ်လုပ်သင့်တဲ့ဆိုဒ်ဟုတလား မဟုတ်လား သဘောပေါက်သွားပါလိမ့်မယ်  ကျွန်တော်တို့လည်း အဲလိုပါဘဲ ဆိုဒ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် သူ့အကြောင်းကိုဝေဖန်ထားတဲ့ ဖိုရမ်တွေ ကိုလိုက်
ကြည့်ပါတယ် .. လူအများဝေဖန်ထားတဲ့ ကွန်မန့်တွေကိုကြည့်ပီးလုပ်သင့်သလား မလုပ်သင့်သလား ဆုံးဖြတ်ပါတယ် လုပ်သင့်တယ်ဆိုမှ လုပ်ပါတယ် .. သည်လိုလေးရှာဖွေပြီး နည်းနည်းတီးခေါက်ကြည့်မှ ငွေရှာဆိုဒ်တွေဟာ လုပ်သင့်မလုပ် သင့်ဆုံးဖြတ်တတ်မှာဖြစ်ပါတယ်..အိုကေ ကောင်းပြီ နောက်ထပ် အကြီးမားဆုံးပြသနာတစ်ခုရှိသေးတယ်.. ဘာလဲဆို တော့ " ငွေရှာတာက ဟုတ်ပါပြီ ဘယ်လိုထုတ်ရမှန်းမသိပါဘူး .. ဒါကြောင့်စိတ်ပျက်လို့မလုပ်တော့ဘူး " ဆိုတာတွေ ပါ ဘဲ .. ငွေရှာနည်းအကြောင်းကို ရေးသားတိုင်းမှာ PayPal Account နဲ့ငွေထုတ်ရပါတယ်လို့ ကျွန်တော် ခဏခဏရေးပါ တယ် .. မသိရင်မေးဖို့ Email လိပ်စာလိပ်စာပါချန်ပေးပါတယ်..ယုတ်စွအဆုံး လိုအပ်ရင်အရေးပေါ်အကူအညီတောင်း ဖို့ ဖုန်းနံပတ်ပါ ဖော်ပြပေးထားပါတယ် .. ဒီလောက်ကူညီချင်လို့ပေးထားတာတောင် " ငွေမရှာတတ်ဘူး ၊ ငွေမထုတ်တတ်ဘူး ၊ အလကားပါ ငွေလဲတစ်ကယ်မရဘူး ဖုန်းဘေကုန်တာဘဲအဖတ်တင်တယ် " အဲလို အဲလိုသူမျိုးတွေ အတွက်တော့ ကျွန်တော်လဲ ဆက်မပြောတတ်တော့ပါဘူး .. သူထိုက်နဲ့သူခံလို့ဘဲ သတ်မှတ်ရတော့မှာပါဘဲ။ တစ်ကယ် တော့နော် အင်တာနက်ဝင်ငွေရှာလုပ်ငန်းဆိုတာ အပျင်းပြေလုပ်လို့လဲရသလို ၊ တစ်ကယ့် အလုပ်တစ်ခုဖြစ်လဲ အချိန်ပေး လုပ်လို့ရတယ် .. တစ်ကယ်လုပ်တတ်ရင် တစ်နေ့ကို 15$ အသာလေးရနေတာပါ.. မနည်းဘူးနော် ..တစ်ကယ်ကို မနည်း ပါဘူး ဒါပေမယ့်ဗျာ စစ်မရောက်ခင်မြှားကုန်တတ်တဲ့သူမျိုးတွေ ၊ အကူအညီပေးပါ့မယ်ဆိုတာတောင် မတောင်းဘဲ ဘေးထိုင်ဘုပြောသူတွေ အဲလိုသူမျိုးတွေကြောင့်တစ်ခါတစ်လေတော့ စိတ်တော်တော်လေးကုန်မိပါတယ်..ကိုယ်ကဖြစ်စေ ချင်တယ်..လိုက်လာနိုင်တဲ့သူက အယောက်တစ်ရာမှာ 20 လောက်ပဲရှိပါတယ်.. မစဉ်းစားကြဘူး..မတွေးခေါ်ကြဘူးဗျာ.. ကဲပါ .. ညဉ်းချင်းတွေချရင် စကားများတယ်ဆိုပြီး အမြင်ကတ်ပါဦးမယ်..ကိုယ့်လူမျိုးတွေကို ဖြစ်စေချင် ..ရစေချင်. .တစ်ဖက်တစ်လမ်းကနေ ဈေးဖိုးသက်သာစေချင်တဲ့ စိတ်ကိုအခြေခံလို့ သည်လိုပြောပြနေတာပါ… အခုလဲ အသစ်အဆန်း တွေ့ရင် ဝေမျှချင်တဲ့စိတ်က မနေတတ်လေတော့ ထပ်မံဝေမျှပေးလိုက်ပါဦးမယ်… ကျွန်တော် ငွေရှာနည်းမရေးခင်မှာ တစ်ခုတော့ သတိပေးလိုက်ပါ့မယ် ဘာလဲဆိုတော့ ငွေရှာတဲ့ဆိုဒ်တွေကို 80% သာယုံပါ..ဘယ်လောက်ကောင်းတယ်ပြော ပြော 80% ပဲ ယုံကြည်ကြပါ..ဘာလို့လဲဆိုတော့ အွန်လိုင်းပေါ်ကနေလုပ်ရတဲ့အလုပ်မလို့ပါ.. ဒါကြောင့်သည်လို အလုပ်
တွေက မိမိရဲ့ဖုန်းဖိုး၊ နဲ့ဈေးဖိုးကတော့ ကောင်းကောင်းကာမိပါလိမ့်မယ်..တစ်ကယ်ငွေရှာတတ်သူအဖို့ကတော့ တစ်နေ့ တစ်သောင်းခွဲ ဆိုတာပြေးမလွတ်ပါဘူး.. အိုကေ..ဒီနေရာမယ် တစ်ခုဖြတ်ပြီးကြော်ငြာပါဦးမယ် .. အသက်အရွယ်မရွေး ၊ ပညာအရည်အချင်းမလို အပ်ဘဲ..အချိန်တိုအတွင်းအောင်မြင်စေနိုင်မည့် Business စီးပွားရေးလုပ်ငန်းတစ်ခုရှိပါတယ်၊ မည်သည့်အရင်းအနှီးမှထည့်စရာမလိုဘဲ ဇွဲရှိသူတိုင်းအောင်မြင်နိုင်တဲ့ လုပ်ငန်းတစ်ခုပါ အသက် 18 ၊ 19 နှစ်လေးတွေက အစ ရာထူးပေါင်းစုံနဲ့အောင်မြင်ပြီး ၀င်ငွေများရရှိနေတဲ့နေရာပါ။ ဒီမှာ ၀င်ကြည့်ပြီး Like လုပ်ခါ လေ့လာနိုင်ကြပါတယ်။

အိုကေ ကျွန်တော်တို့ ၀င်ငွေရှာနည်းအကြောင်းဆက်လိုက်ရအောင် .. ရှာရမယ့်ဆိုဒ်ကတော့ Paidverts လို့ခေါ်ပါတယ်။
ဖုန်း ၊ ကွန်ပျူတာ အသုံးပြုပြီး ငွေရှာနိုင်ပါတယ်။
Paidverts ဆိုတာ My Traffic Value ( Investment ) Sites ရဲ့ Owner Jo Cook ပိုင်တဲ့ ငွေရှာဆိုဒ်တစ်ခုဖြစ်ပါတယ်။
Jo Cook ဟာ စည်းကမ်းရှိပြီး ငွေပေးစနစ်ကို Member များအတွက်အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်တဲ့ Admin တစ်ဦးဖြစ် ပါတယ်။ သတင်း Update အသစ်များထုတ်ပြန်စရာရှိပါကလည်း သူ့ရဲ့ Facebook စာမျက်နှာနဲ့ My Traffic Value Website မှာ သတင်းထုတ်ပြန်ပါတယ်။ Jo Cook ရဲ့ Member များအ အပေါ်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုတွေကြောင့် သူ့ရဲ့ ငွေရှာဆိုဒ်တွေဟာ တစ်ရှိန်ထိုးနာမည်ကြီးလာခဲ့ပါတယ်။ ကဲအခု Jo Cook ရဲ့ Paidverts ဆိုတဲ့ ငွေရှာဆိုဒ်အ ကြောင်းကိုစပြောပါ့မယ်။
Paidverts ငွေရှာဆိုဒ်ဟာ Point တွေနဲ့ ကြော်ငြာငွေကြေးကို ချပေးတဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်.. မိမိမှာ Point များများရှိ လေ ချပေးတဲ့ကြော်ငြာတန်ဖိုးက မြင့်တက်လာလေပါဘဲ။ ဥပမာ ကျွန်တော်မှာ Point 500 BAP ရှိတယ်ဆိုပါစို့ ဒါဆိုရင် မိမိရရှိတဲ့ ကြော်ငြာများဟာ $0.001 တန်ကြော်ငြာများဖြစ်ပါမယ် တစ်ခါတစ်လေ  $0.0005 တန်ကြော်ငြာများဖြစ်နေ တတ်ပါတယ်။ တစ်ကယ်လို့ မိမိမှာ Point 2000 BAP လောက်ရှိလာပြီဆိုရင် တစ်နေ့ရရှိမယ့်ကြော်ငြာ တန်ဖိုးက $0.01 (or) $0.20 တန်အထိရရှိတတ်ပါတယ်.. ဒီတော့  ကိုယ့်မှာ Point BAP များများရလေ မိမိရရှိတဲ့ ကြော်ငြာတန်ဖိုးက မြင့် တက်လာလေဖြစ်ပါတယ်.. Point တစ်ခုမှမရှိရင်တော့ ဘာကြော်ငြာမှရမှာမဟုတ်ပါဘူး .. Point တွေကို ကြော်ငြာ Click လုပ်ရင်းနဲ့ရနိုင်သလို Games ကစားရင်းနဲ့လည်းရနိုင်ပါတယ် .. နောက်တစ်နည်း ၀ယ်ထည့်ရင်လဲရပါတယ်။ 1$ ပြည့်ရင် ငွေစထုတ်လို့ရပါပြီ။ အိုကေ .. ဒါဟာ Paidverts မှာ ငွေရှာဖို့ အကြမ်းဖျင်းနည်းပါဘဲ ..အိုကေ လုပ်ပုံလုပ် နည်းတွေ ဆက်ကြည့်ကြပါစို့။

အရင်းဆုံး မှတ်ပုံတင်ရပါမယ် http://www.paidverts.com/ref/Kaungmyat

( ကျွန်တော်ပေးထားတဲ့ Link အတိုင်းဖွင့်ပြီး Member ၀င်ပေးပါနော် J )
ပြီးရင် CREATE ACCOUNT ကိုနှိပ်လိုက်ပါ။ ပြီးရင် အောက်ပုံမှာပြထားတဲ့အတိုင်း ဖြည့်ပါ။ ဒီနေရာမယ် တစ်ခုသတိထားရမှာက မိမိဖြည့်လိုက်သည့် မွေးနေ့ မွေးရက်ကိုသေချာမှတ်သားထားပါ။ ငွေထုတ်ရင်မွေးနေ့မွေးရက် မေးပါတယ်။
အိုကေ .. အားလုံးပြည့်စုံတယ်ဆိုရင်တော့ Open Account ကိုသာနှိပ်လိုက်ပါ။ ဒါဆိုရင်အောက်က ပုံအတိုင်း မှ
တ်ပုံတင်ခြင်းအောင်မြင်သွားပြီး Account ထဲသို့ဝင်ရောက်သွားပြီဖြစ်ပါတယ်။










 ပြီးရင် VIEW ACTIVATION AD ကိုနှိပ်လိုက်ပါ။
ပြီးရင်အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်.. ဒီနေရာမယ် နည်းနည်းပြောပြပါ့မယ်.. Member စ၀င်တဲ့သူတွေအတွက် ပထမရက်မှာ မည်သည့် ကြော်ငြာကိုမှရရှိမှာမဟုတ်ဘဲ Points BAP များသာ ရရှိပါလိမ့်မယ်..ကျွန်တော်အထက်မှာပြောခဲ့ တဲ့အတိုင်းပါဘဲ BAP များလေကြော်ငြာ တန်ဖိုးများလေ.. BAP ဘာမှမရှိပါက ဘာ ကြော်ငြာမှရှိမှာမဟုတ်ပါဘူး။ အခုလဲ အဲအတိုင်းပါဘဲ..အကောင့်စစဖွင့်ချင်းဆိုတော့ BAP မရှိတဲ့အတွက် ဘာကြော်ငြာမှမရှိပါဘူး ..ဒီတော့ BAP တွေကို စပြီး စုရပါတော့မယ်..အိုကေ… VIEW ACTIVATION AD ကိုနှိပ်ပြီးတာနဲ့ အောက်ကအတိုင်း BAP တွေပေါ်လာပါလိမ့်မယ်။
ဒီနေရာမယ်ကျွန်တော်တစ်ခုအသိပေးချင်တာက အကောင့်စစဖွင့်ပြီးတဲ့ရက်မှာ Point ( BAP ) တွေဘဲ ပေးပါလိမ့်မယ်.. ပိုက်ဆံရဖို့ Click ရမယ့်ကြော်ငြာတွေကိုတော့ ပေးမှာမဟုတ်ပါဘူး..နောက်တစ်နေ့မှာ ပြန်ကြည့်လိုက်ပါ.. Point (BAP) တွေနဲ့ ကလစ်လုပ်ဖို့ ပိုက်ဆံရမယ့်ကြော်ငြာတွေပါပေးပါလိမ့်မယ်။
အိုကေ ကျွန်တော်တို့ တစ်ခုချင်းပဲ Click လုပ်ရမှာပါ…တစ်ချို့က ကပ်သီးကတ်သပ်မေးတယ်ဗျ ကြော်ငြာတွေကိုအကုန် တစ်ပြိုင်တည်း ကလစ်လုပ်မရဘူးလား တဲ့.. ဟုတ်ကဲ့မရပါဘူး..ငွေရှာဆိုဒ်ရဲ့ စည်းမျဉ်းကိုက တစ်ခုပီးမှတစ်ခု ကလစ်ဖို့ ပြောထားပီးသားပါ..အိုကေ.. BAP စုလိုက်ရအောင် .. ပုံမယ်မြင်တာကတော့ 50 BAP ဖြစ်နေပေမယ့် တစ်ခါတစ်ရံ 100 BAP ဖြစ်တတ်ပါတယ်..  အရင်ဆုံး view activation ad ကိုနှိပ်ပြီးတစ်ခုကို စတင် Click လိုက်ပါ..ဒါဆိုရင်အောက်ပါအ တိုင်းပေါ်လာပါလိမ့်မယ်။
အကွက် 1 2 3 ဆိုပီးသုံးကွက်ရှိတယ်.. ကျွန်တော်တို့က ဘာလုပ်ပေးရမလဲဆိုရင် အပေါ်ဆုံးမယ်ပြထားတဲ့ စာလုံးအစိမ်း နဲ့ရေးထားတဲ့စာသားတွေကို အောက်က Box အလွတ်တွေမှာ ကော်ပီကူးထည့်ရမယ်ဗျ .. ဒီလိုထည့်လိုက်တာနဲ့ ညာ ဘက်ခြမ်းမှာ အမှန်ခြစ်လေးတွေဖြစ်သွားပါလိမ့်မယ်.. အိုကေ.. သည်နေရာမယ်ကျွန်တော်တစ်ခုပြောချင်တယ်… သတိချပ် ဖို့ပေါ့ .. နံပတ် 3 အကွက်မှာ တိုက်ရိုက်ကော်ပီကူးမရဘဲ တစ်ခါတစ်ရံ လက်နဲ့သည်အတိုင်းရိုက်ထည့်ရပါတယ်။ အောက်က ပုံလိုပေါ့။
အိုကေ နံပတ်သုံးအကွက်မှာ တိုက်ရိုက်ကူးချလို့မရတဲ့အတွက် လက်နဲ့ဘဲရိုက်ထည့်လိုက်ရပါတယ် .. ပြီးတာနဲ့ Check captcha ကိုနှိပ်လိုက်ပါ… ပြီးတာနဲ့ အောက်က Proceed to Advertisers Website ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သူပြသလိုတဲ့ Website ကျလာပါလိမ့်မယ်.. စက္ကန့် ၃၀ ကြည့်ရပါမယ်..ကြည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း Confirm နှိပ်လိုက်ပါ.. ဒါဆိုရင် Complete ဖြစ်သွားပါလိမ့်မယ်။
Screenshot_6.png
အိုကေ .. COMPLETE ဖြစ်သွားပြီဆိုတာနဲ့ အဲသည်ကြော်ငြာကိုပိတ်လိုက်လို့ရပါပြီ .. ပြီးတာနဲ့အောက်ပါ ပုံအတိုင်းမူလ Box တွေနေရာမှာ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ အောက်ဆုံးက View Another ad ဆိုတာကိုနှိပ်ပါ.. မနှိပ်သေးခင် ညာဘက်အခြမ်းမယ် Paid Ads ( 12 ) ဆိုတာရှိပါတယ်..ဘာလဲဆိုရင် Click လုပ်စရာ ကြော်ငြာ 12 ခုရှိ တယ်လို့ပြောတာဖြစ်ပါတယ်.. အိုကေ.. Paid Ads ကိုဘဲနှိပ်နှိပ် .. View another ad ကိုဘဲနှိပ်နှိပ် အတူတူပါဘဲ။
ဟုတ်ပြီ.. BAP တွေကိုရော .. ကြော်ငြာတွေကိုရော သည်နည်းအတိုင်းသာ Click လုပ်သွားပါ။ မိမိမှာရှိ တဲ့ BAP အရေအတွက်ကိုသိချင်ရင်တော့ Member Home Page ကိုနှိပ်လိုက်ပါ။ ပြီးတာနဲ့ Paid Ads ကိုနှိပ်ပါ.. ဒါဆိုရင် မိမိ ရရှိထားတဲ့ BAP အရေအတွက်ကိုတွေ့ရပါပြီ။ ကျွန်တော့်မယ်တော့ 7003 BAP ရထားတာတွေ့ရပါလိမ့်မယ်။
အိုကေ အခုကျွန်တော်တို့ကြော်ငြာ လဲ Click တတ်သွားပြီ .. BAP တွေလဲကြည့်တတ်သွားပြီနော်.. BAP တွေက နည်းနည်းချင်းလျော့ လျော့သွားပါတယ်..ဒါကလဲ ကြော်ငြာပြနိုင်ဖို့ BAP တွေကို အော်တို လျော့ပေးတဲ့စနစ်ပါ..ဒါကြောင့် BAP တွေကို စုနိုင်သမျှစုပါ..၀ယ်နိုင်ရင်ဝယ်စုပါ… BAP လျော့တယ်ဆိုတာကလည်း တစ်နေ့တစ်နေ့မှ နည်းနည်းဘဲလျော့ တာပါ.. BAP များလေ ကြော်ငြာတန်ဖိုးများလေဆိုတာ သိထားပေးပါ။ အိုကေ.. ကျွန်တော်တို့ကြည့်စရာ ကြော်ငြာ ကုန်သွားပြီဆိုပါစို့ နောက်ထပ် အပိုဆောင်းထပ်ပြီး Click စရာကြော်ငြာတွေရှိပါသေးတယ်။ Micro Ad Pack လို့ခေါ်ပါ တယ်။ Pack 2 Set ပေးပါတယ် 1 Set မှာ Click စရာကြော်ငြာတွေ အများကြီးပါဝင်ပါတယ်။ 1 Set ကို ဖွင့်ပြီးကလစ်မယ် ဆိုရင် 50 BAP လောက်လျော့သွားပါတယ်။ အိုကေ အောက်ကပုံကိုကြည့်လိုက်ပါ။
ကြော်ငြာတွေ ကလစ်စရာကုန်သွားတာနဲ့ ဒီပုံလေးအတိုင်းပေါ်လာပါတယ်.. ဒါကျနော်ပြောတဲ့ Ad Pack ပါဘဲ.. ကျွန်တော် 1 pack ကို ကလစ်ထားလို့ 1/2 လို့ပြနေတာပါ… အဲသည်ထဲကိုဝင်ပြီးကြော်ငြာတွေကို ကလစ်လို့ရပါတယ်.. အဲသည်ထဲကို တစ်ချက် ကလစ်လို့မရရင် သုံးချက်လောက် ကလစ်ပြီးဝင်ပါ
Paidverts မှာ ငွေအရမြန်ဖို့ နည်းလမ်း မျိုးရှိပါတယ်..  ပထမနည်းလမ်းကတော့ Point ( BAP ) တွေကို များများရအောင် စုတာပါ .. စုနည်းကတော့ ပေးထားတဲ့ BAP ကြော်ငြာတွေကိုကိုပုံမှန် Click သွားခြင်းဖြင့်စုပါမယ်။ ဒုတိယနည်းကတော့ Games ကစားခြင်းဖြင့် စုပါ့မယ်၊ Point တွေများချင်ရင် Games ထဲမှာ သွားဆော့လို့ရတယ်ဗျ .. ကျွန်တော်ဆိုရင် Point 500 နဲ့ ခေါင်းပန်း လှန်တဲ့ဂိမ်းကိုဆော့တာ တစ်ရက်အတွင်း Point 9000 လောက်ကိုနိုင်သွားတယ်.. နိုင်သွားပြီး နောက် နေ့မရက်ရောက်တော့ ကလစ်ရမယ့်ကြော်ငြာတွေက  1$ တန် ၊ 0.03 $ တန်တွေဖြစ်လို့နေပါတယ်..တန်ဖိုးများတာပေါ့ .. အဲဒါနဲ့ ဂိမ်းတွေဆော့ကောင်းကောင်းနဲ့ဆော့လိုက်တာ 16000 Point အထိနိုင်သွားတယ်ဗျ.. လောဘတက်ပြီးဆက် ဆော့တာ နောက်ဆုံး 1000 Point လောက်အထိကိုရှုံးသွားတော့တာပါဘဲ .. နောက်တစ်နေ့ မနက်ပေးတဲ့ကြော်ငြာတွေရဲ့ တန်ဖိုးဟာ 0.001$ တန်တွေ ၊ 0.0005$ တန်တွေဖြစ်ကုန်တော့တာပါဘဲဗျာ.. ဒီတော့ Point အရေအတွက်ဟာ အဓိက ကျ တယ်ဆိုတာသဘောပေါက်လောက်ပြီထင်ပါတယ်.. ၊
အိုကေ နောက်တစ်နည်း Point များအောင်လုပ်တဲ့နည်းတစ်ခုရှိပါတယ်..ဘာလဲဆိုရင် ၀ယ်ထည့်ရတာပါဘဲ .. PayPal ကနေ၀ယ်ထည့်နိုင်ပါတယ် 1$ ဖိုးဝယ်ထည့်ရင် Point 3300 လောက်ရပါတယ် .. ကျွန်တော်ကတော့ စစချင်းမှာ ငွေမြန်မြန်တက်အောင် 4$ ဖိုးလောက် ၀ယ်ထည့်လိုက်ပါတယ်။ အိုကေ .. ၀ယ်ထည့်လိုက်ပြီ …. ဒုတိယနည်းကိုဆက် ကြည့်ပါ။

ဒုတိယနည်းလမ်းကတော့ ကိုယ့်ဆီမှာ Member ၀င်အောင် Member ဖိတ်ခေါ်တာပါ.. ဘယ်လို ဖိတ်ခေါ်ရလဲဆိုရင် အောက်က ပုံမယ်ပြထားတဲ့အတိုင်း Refer Friends ကိုနှိပ်လိုက်ပါ.. ပြီးရင် အနီကွင်းဝိုင်းပြထားတဲ့အထဲက Link ကိုကူးပြီး သူငယ်ချင်းကိုပေးပါ..ထို့နောက် သူငယ်ချင်းကို လုပ်ပုံလုပ်နည်းသင်ပြပြီး Member ၀င်ခိုင်းလိုက်ပါ..ဒါဆိုရင်ကိုယ့်ဆီကို ၀င်လာတဲ့ Member ဖြစ်ပါပြီ.. အောက်မှာမြင်ရတာတွေကတော့ ကျွန်တော့်ဆီမယ် Member ၀င်ထားကြတာတွေပါ လော လောဆယ်တော့ 13 ယောက်ရှိပါတယ်။
Screenshot_5.png
အိုကေ.. ကောင်းပြီ ကျွန်တော်တို့ ပထမနည်းနဲ့ပြန်ဆက်လိုက်အောင် ပထမနည်းတုန်းက ကျွန်တော် 4$ ဖိုးဝယ်ထည့် ထားတယ် .. ကျွန်တော့်ရဲ့ Member ကလဲ 13 ယောက်ရှိတယ်.. အဲသည် ၀ယ်ထည့်ထားတဲ့ 4$ ဖိုးဟာ 12ရက်အတွင်း အရင်းကြေသွားပါတယ် .. အောက်ကပုံကိုကြည့်ပါ.. 4$ ၀ယ်ထည့်ပီးနောက်ပိုင်း တက်လာတဲ့ တန်ဖိုးမြင့်ကြော်ငြာတွေပါ
ကဲမြင်တဲ့အတိုင်းပါဘဲခင်ဗျ .. တန်ဖိုးအလွန်မြင့်တဲ့ကြော်ငြာတွေပါဘဲ .. ဒီ Paidverts ငွေရှာဆိုဒ်မှာ 1$ ရတာနဲ့ ထုတ်လို့ရပြီလို့ကျနော် အထက်မယ်ပြောခဲ့တယ်နော်..အခုပုံကိုဘဲကြည်ပါ 1$ တန်ကြော်ငြာပါနေတော့ ကျွန်တော် ဒီ 1$ ကိုထုတ်ချင်ရင်ထုတ်လို့ရနေပြီလေ J အိုကေ .. ဒါကတော့ ကျွန်တော် Point 4$ ဖိုးဝယ်ထည့်ပြီး ကိုယ့်ရဲ့ Member ၀င် တွေကိုရှာသွားတာပါဘဲ။ ကျွန်တော်အကြံပေးချင်တာက တစ်ကယ်လို့ မိမိက Point တွေ ၀ယ်မထည့်ချင်ဘူးဆိုရင် ပိုက်ဆံများများရအောင် Member များများသာရှာပါ ၊ Member အများကြီးလဲမရှာနိုင်ဘူးဆိုရင်တော့ အနည်းဆုံး Member 15 ယောက်လောက်ရှာပြီး Point ၀ယ်ထည့်ပါ။ ဥာဏ်ရှိသလိုထိန်းသွားပါ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ အထာ ပေါက်သွားတော့တာပါဘဲ။ Point ၀ယ်ချင်သူများရှိလာပါကလည်း 09 420 700 582 သို့ဆက်သွယ်နိုင်ပါတယ်။ ဟုတ်ပြီ.. ကျွန်တော်တို့တွေ ငွေရလာကြပြီ ထုတ်ဖို့လဲ အဆင်ပြေပြီဆိုတော့ ငွေထုတ်ဖို့အပိုင်းကို ဆက်ရေးပါ့မယ်။
ကဲ.. ငွေထုတ်ပြီ… ကျွန်တော် ဒီမှာထုတ်လို့ရပါတယ်လို့သေချာရေးပြထားပါတယ်နော်..အပြင်မှာကြားနေရတဲ့သတင်း တွေက အလကားပါ ငွေထုတ်မရဘူးဆိုတဲ့စကားတွေ..အိုကေ အခုကျွန်တော် ထပ်ပြောပါရစေ..ထုတ်လို့ရပါတယ်..ဒီ Paidverts မှာ 1$ ရတာနဲ့ငွေထုတ်လို့ရသလို ကိုယ်ထုတ်တဲ့ငွေကလဲ ကိုယ့်ရဲ့ Online Payment System Account ထဲသို့ 7 ရက်အတွင်းရောက်ပါတယ်ခင်ဗျာ။ ကဲ Paidverts မှာ ငွေထုတ်လို့ရတဲ့ Online Payment System Account တွေရှိတယ်ဗျ..အောက်ပါ ပုံကိုကြည့်လိုက်ပါ။
Perfect Money , Egopay , Solid Trust Pay , PayPal , Payza , Western Union , Bank Wire ဆိုပြီးငွေထုတ်တဲ့ Online Payment Account တွေရှိပါတယ်.. အဲသည်မှာ ကျွန်တော်က EgoPay (or) Perfect Money ကိုသုံးပါတယ် ဒုတိယအသုံးအများဆုံးကတော့ PayPal ပါဘဲ။ အဲသည်မှာ EgoPay မှာ 10$ ရမှထုတ်ခွင့်ပေးပါတယ် .. ကျန်တဲ့နှစ်ခုက တော့ 1$ ရရင်ထုတ်လို့ရပါပြီ.. ဒါပေမယ့် ကျွန်တော်ကတော့ Perfect Money ကိုအဓိကသုံးပါတယ်.. ဒါပေမယ့် မိတ်ဆွေတို့အနေနဲ့ကျတော့ Egopay သုံးပါ ဘာလို့လဲဆိုတော့ မြင်ရတဲ့ အသွင်အပြင်က Egopay မှာ ရှင်းလင်း ပါတယ် Perfect Money မှာကျတော့ အနည်းငယ်ရှုပ်ထွေးပါတယ်…ဒါပေမယ့် ငွေမြန်မြန်ထုတ်ကြည့်ချင်တယ် စမ်းကြည့်ချင်တယ် ဆိုရင်တော့ Perfect Money (or) PayPal ကိုသုံးပါ။ ( PayPal Account လိုအပ်သူများ 09 420 700 582 ထံသို့ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်ပါတယ် ) Perfect Money & Egopay ကတော့ Free Account တွေပါ .. Egopay Account ဖွင့်လိုသူများ  ဒီမှာ ကြည့်နိုင်ပါတယ်။ အိုကေ ကောင်းပြီ ကျနော်ကတော့ adflycreator@gmail.com နဲ့ Egopay Account ဖွင့်ထားပါတယ်  .. ကဲ… ကျွန်တော်တို့မှာ 10$ ရှိလာပြီ ဆိုပါစို့ .. ငွေထုတ်ရအောင် အောက်ကပုံကိုကြည့် လိုက်ပါ။
Cashout Earnings ကိုနှိပ်ပါ .. ပြီးတာနဲ့ Trasnfer to: နေရာမှာ EgoPay ကိုရွေးပါ .. Date Of Birth မှာ Account လုပ်တုန်းက ထည့်ခဲ့တဲ့ နေ့ရက်တွေအတိုင်း အတိအကျပြန်ထည့်ပါ.. ပြီးရင် Submit ကိုနှိပ်လိုက်တော့.. ဒါဆိုရင် ..ဘယ်ဘက်အခြမ်းမှာပြထားတဲ့ EgoPay Account ထဲကိုဝင်သွားပါလိမ့်မယ် ..ပြီးတာနဲ့ ဘေးနားက Cashout ကိုနှိပ် လိုက်ပါ.. ဒါဆိုရင် ကိုယ့်ရဲ့ EgoPay Email လိပ်စာတောင်းပါလိမ့်မယ်..ထည့်ပေးလိုက်ပါ.. ပြီးတာနဲ့ ငွေဆက်ထုတ်ဖို့ Submit ကိုနှိပ်လိုက်ပါ.. ပြီးပြီဆိုတာနဲ့ Cashout Earnings ကိုပြန်နှိပ်ပါ.. အောက်ပါ ပုံကိုကြည့်ပါ။
ငွေထုတ်လိုက်တာနဲ့ Pending Transactions မှာငွေထုတ်ထားကြောင်းပြပါလိမ့်မယ်..တစ်ကယ်လို့ 7 ရက်ပြည့်တဲ့အခါ ကိုယ့်ငွေက ကိုယ့်ရဲ့ EgoPay Account ထဲရောက်သွားပြီဆိုတာနဲ့ Completed Transactions မှာပုံမှာမြင်ရတဲ့အတိုင်း ဖြစ်သွားပါလိမ့်မယ်..
ကဲ .. ဘာခက်လဲ မခက်ဘူးနော်..ကျနော်ချပြနိုင်တဲ့အတိုင်းအတာတစ်ခုအထိ သေချာချပြခဲ့ပြီးပါပြီ ကျန်တဲ့ ကလိတဲ့အပိုင်း ကတော့ စာရှုသူတို့အပိုင်းပေါ့ .. ကလိမှ စာဖတ်မှ များများသိလာမှာပါ.. အခု EgoPay က 10$ ရမှထုတ်ရတယ်နော် .. တစ်ကယ်လို့ စိတ်မရှည်ဘူး 1$ ရတာနဲ့ စမ်းထုတ်ကြည့်ချင်သပဆိုရင်တော့ Perfect Money (or ) PayPal Account ကို သုံးပါ။ အွန်လိုင်းပေါ်မှာငွေရတာတော့ဟုတ်ပါပြီ ဘယ်မှာမြန်မာငွေထုတ်ရမှာလဲ ?? ဟုတ်ကဲ့ ကျွန်တော်ဆီမှာဘဲ ထုတ်လို့ ရပါတယ်ခင်ဗျာ .. 09 420 700 582 သို့ဖုန်းဆက်လိုက်ပါ..မြန်မာငွေနဲ့လဲလှယ်ပြီး ငွေလဲလှယ်သူထံသို့ ဖုန်းကဒ် (သို့) BankAccount ကနေငွေပို့ပေးပါတယ်.. MyanPay သုံးသူဖြစ်ပါကလဲ MyanPay ကနေပို့ပေးပါတယ်။ Paidverts မှာထူးခြားတဲ့အချက်တစ်ချက်က ကြော်ငြာတွေကို နာရီခြားတစ်ခါ ဆက်တိုက်ချပေးနေတာပါဘဲ.. ဒီလိုပါ အခု မှ Member စ၀င်တဲ့သူတွေက Point တွေကိုဘဲအရင် Click လုပ်ရမှာပါ .. Point တွေကလစ်လို့ကုန်သွားပြီ..ဘာကြော်ငြာ Ads မှClick စရာမရှိသေးဘူးဆိုရင် နောက် 5 နာရီလောက်နေရင်ပြန်ဝင်ကြည့်ပါ..Click လုပ်ဖို့ Ads တွေပေါ်နေတာတွေ့ရပါတယ်.. နောက်ထပ် 4 , 5 နာရီနေရင်ပြန်ဝင်ကြည်ပါဦး Click လုပ်ဖို့ထပ်ပေါ်နေတာတွေ့ရပါတယ်.. ဒါကတော့ ထူးခြားချက်ပါ.. ကဲ .. ကျနော်ကတော့ ချပြလိုက်ပြီနော် ကျန်တဲ့ကြိုးစားတဲ့အပိုင်းကတော့ စာရှုသူတို့အပိုင်းပါ .. နောက်များမှာလည်း ရွှေထက် အဖိုးတန်တဲ့ Bit Coin ဆိုတဲ့အကြောင်းအရာနဲ့ရှာဖွေနည်းတွေ ကျနော်ရေးပြီးတင်ပေးသွားပါဦးမယ် .. BitCoin ဆိုတာ ရွှေထက်ကိုတန်ဖိုးရှိပါတယ်..အင်တာနက်ပေါ်ကနေအလွယ်တစ်ကူရှာလို့ရပါတယ် .. ရတဲ့ငွေကို အင်တာနက်မှတစ်ဆင့်
မိမိရဲ့ VISA , Master Card ထဲသို့တိုက်ရိုက်လွှဲလို့ရပါတယ်.. ဒီလောက်ပါဘဲခင်ဗျာ.. အားလုံးဘဲအဆင်ပြေပါစေ..
အဆင်မပြေတာရှိပါက adflycreator@gmail.com (or) 09 420 700 582 သို့ဖုန်းဆက်ခါမေးမြန်းနိုင်ပါတယ်..

No comments: