Pages

Thursday, July 19, 2012

ဗမာသူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)




တေးရေး-သဟာယ ဆရာတင်

(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်) ၂

ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကိုရှိဖို့ မွေးရမယ်။
သြော်…ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။

ကျောင်းဟာသများ




၁) အလီဇယား
ဆရာမ - ကဲ.. မောင်ထုံ.. ၉  အလီကို အလီဇယားမကြည့်ဘဲ ရွတ်ပြစမ်း။
မောင်ထုံ - ၉  တစ်လီ ၉ ။ ၉  နှစ်လီ ၁၈.. (သူ၏ စာအုပ်နောက်ကျောရှိ ဇယားကိုကြည့်လျက်)
ဆရာမ - နင့်ကို အလီဇယားမကြည့်ဘဲ ရွတ်လို့ပြောတာလေ။
မောင်ထုံ - ကျနော်ကြည့်တာ အလီရဲ့ ဇယားမဟုတ်ပါဘူး။ သူ့စာအုပ်ကိုပိတ်ထားပါတယ်။ ကျနော်ကြည့်တာ ကျနော့်ဇယားပါ..

၂ ) facebook ID

ရှက်မိပါတယ် အဖေဗိုလ်အောင်ဆန်း



အပိုင်း(၁) ၊ အနှိုင်း

တကယ်တော့ သူက ထူးခြားသူမဟုတ်ပါဘူး
ခင်ဗျားတို. ကျွန်တော်တို.လိုပဲ မထင်မရှားမွေးဖွားလာတာပါ
ရွှေဇွန်းကိုက်လည်းမွေးမလာဘူ
ရွှေလင်ဗန်းနဲ.အချင်းဆေးတဲ့
မဟာဆီမဟာသွေးလည်း မဟုတ်ဘူး
မွေးချိန်မှာ ကြယ်တွေကြွေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။

ခင်ဗျားတို. ကျွန်တော်တို.လိုလူတစ်ယောက်က
ခင်ဗျားတို. ကျွန်တော်တို.လိုတော့ မနေခဲ့ဘူး။
ခင်ဗျားတို. ကျွန်တော်တို.လို မတရားမှုကို ငုံ.ခံမနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို ကိုယ့်ကိုထိခိုက်မှာ စိုးရိမ်မနေခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို တို.လုပ်လည်းမထူးပါဘူးကွာမပြောခဲ့ဘူး
ခင်ဗျားတို. ကျွန်တော်တို.လို အကြောက်တရားတွေနဲ. ကုပ်မနေခဲ့ဘူး။
အယူချည်းပဲ ရှိတဲ့သူတွေကြားမှာ
အပေးချည်းပဲ ရှိတဲ့လူတစ်ယောက်က ထူးဆန်းနေခဲ့တယ်။
ကိုယ့်အမျိုးအတွက်ပဲ လုပ်တဲ့သူတွေကြားမှာ
ပြည်သူတွေအတွက် လုပ်တဲ့သူက ထင်ရှားနေခဲ့တယ်။

အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ

အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေး၏ ဖခင်ဗိုလ်ချုပ် အမှတ်တရ

Inline image 2

 အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။

( ဗိုလ်ဥတ္တမကျော် )

******************************
***********************************************

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

" ဗိုလ်ချုပ်ဦးအောင်ဆန်း "

အရုဏ်ဦးက ကြယ်နီဖြာ
ဗိုလ်ချုပ်အောင်ဆန်းပါ
တို့ဗမာပြည် အမှောင်ခွင်း
သူခေါင်းဆောင်လို့လင်း

စိတ်ရင်းမှန်လို့ သစ္စာတည်
ဗိုလ်ချုပ်အာဇာနည်
တိုင်းပြည်ကောင်းအောင် သူသယ်ပိုး
သူဂုဏ်ဘယ်မညှိုး

ရိုးသားဖြောင့်မတ်သူမူရာ
ငယ်ငယ်ထဲကပါ
ဗမာပြည်သူ့ အချစ်ပန်း
ဗိုလ်ချုပ်ဦးအောင်ဆန်း

ဆရာတင်မိုး

မွေးနေ့ရက်လေးများက ပြောသော အမူအကျင့်များ

ဇန်န၀ါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခြင်္သေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ကျနော်တမ်းတမိသော ဗိုလ်ချုပ်၏ အမှတ်တရများ

ကျနော်တို့ မြန်မာနိုင်ငံ၏ သွေးစွန်းခဲ့သည့် သမိုင်းဝင်နေ့ရက်ကြီးဖြစ်သော ( ၆၅ ) နှစ်မြောက် အာဇာနည်နေ့သို့ရောက်တော့မည်။ အာဏာကို ယစ်မူးတပ်မက်သော၊ အာဏာသည် သေနတ်ပြောင်းဝ တွင် ရှိသည်ဟုယုံကြည်သော မသမာသူ အာဏာရူးတို့ကြောင့် တန်ဖိုးအနဂ္ဂ ကြီးမားလွန်းလှသော တိုင်းပြည်လူထုခေါင်းဆောင် ဗိုလ်ချုပ်နှင့် အပေါင်းပါတို့ကိုဆုံးရှုံးခဲ့ရသည်။ ထိုအကြောင်းရင်းခံများကြောင့် ယနေ့ မြန်မာနိုင်ငံသည် ဆင်းရဲတွင်းနက်သော ၊ အကျင့်ပျက်ခြစားမှု့များဖြင့် ပြည့်နေသောတိုင်းပြည်အဖြစ် ကမ္ဘာ့ နိုင်ငံများအလယ်တွင် မျက်နှာငယ်စွာဖြင့် ယနေ့တိုင်အောင်ရပ်တည်နေလျှက်ရှိနေလေတော့သည်။

ဤသို့ ဇူလိုင်လ ရောက်လေတိုင်း ဗိုလ်ချုပ်တို့ကို အထူးအောက်မေ့မိ၏။ တမ်းတ၏။ ယနေ့လို မြန်မာနိုင်ငံ အာဏာရှင် အကျင့်ပျက် စစ်အစိုးရခေတ်တွင် ..ပို၍ပင် ဗိုလ်ချုပ်တို့ကို တမ်းတမိ၏။ အောက်မေ့မိ၏။
ထို့ကြောင့် ကျနော်ဖတ်ဖူးသော မှတ်ဖူးခဲ့သော စာအုပ်များမှ ဗိုလ်ချုပ်၏ သူများနှင့်မတူ ထူးသော အမူအကျင့်လေးများအား" ဗိုလ်ချုပ်၏ အမှတ်တရ" များ ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အလွမ်းပြေ အဖြစ်တင်ပြလိုက်ပါတယ်။

ယောက်ျား Vs မိန်းမ (၃)

Gadgets
Male - Phone၊ Tablets ၊ Desktop၊ Laptop အနည်းဆုံး ၁ မျိုးစီလိုအပ်သည်။ ဖြစ်နိုင်လျှင် Phone, Tablet တွေကို အမျိုးကွဲတွေပါလိုချင်သည်။
Female - အားလုံးထဲမှာ ၂ ခုလောက်ရှိရင် လုံလောက်သည်။

အဝတ်အစား
M - ပွဲတက်သွားရန် ပုံစံမတူသော အဝတ် ၃ စုံခန့်ရှိလျှင် အဆင်ပြေသည်။ အိမ်တွင်ဝတ်ရန် ၃ စုံခန့်ရှိရန် လုံလောက်ပြီ။
F - အဝတ်အသစ်အများအပြားရှိပြီး အချို့မှာ ဒီဇိုင်းတူ အရောင်သာကွဲသည်။ အများစုမှာ တစ်ခါဝတ်သာဖြစ်သည်။ နောက်တစ်ခါ ထိုအဝတ်အစားအတွက် အလှည့်ကျရန် အတော်ကြာစောင့်ဆိုင်းရမည်။ အပြင်သွားလျှင် အဓိကပြဿနာမှာ ဘယ်အဝတ်အစား ဝတ်ရမည်ပဲဖြစ်သည်။

ယောက်ျား Vs မိန်းမ (၂)

နေ့လည်စာ ထွက်စားခြင်း
Male - သူငယ်ချင်း ၄ယောက်နေ့လည်စာထွက်စားတယ်။ အချင်းချင်း ကတုံး၊ ထိပ်ပြောင်၊ ဖဲဂျိုး၊ အရက်သမား စတဲ့ နာမည်ပြောင်တွေ ခေါ်ကြတယ်။
Female - သူငယ်ချင်း ၄ ယောက်နေ့လည်စာထွက်စားတယ်။ နာမည်အရင်းပဲခေါ်တယ်။ နာမည်ပြောင်ခေါ်လေ့မရှိ။

ပိုက်ဆံရှင်းချိန်
M - 3600 ကျတယ်။ တစ်ယောက် ထောင်တန် တရွက်စီထုတ်လိုက်တယ်။ ပြန်အမ်းဖို့ ပိုက်ဆံလဲဘယ်သူမှ တောင်းမနေဘူး။
F - 3600 ကျတယ်။ ဘယ်သူကဘယ်လောက် ဆိုပြီး အသေးစိတ် အတိအကျခွဲတယ်။ အဲဒီအတိုင်း ပိုက်ဆံစုပြီး ရှင်းလိုက်တယ်။

ယောက်ျားနှင့်မိန်းမ

အိုဘယ့် မိန်းမ
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်ကမရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။